ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Monday, April 30, 2012

မေမေ့သားငယ်

ရဲရဲတွေး

“မေမေ ကိုကို့အခြေအနေက စိုးရိမ်ရလားဟင်၊ ကိုကိုသေရင်တော့ သားသားငိုမှာဘဲ၊ သားသား ကိုကို့ ကိုမသေစေချင်ဘူးမေမေ”

ငိုမဲ့မဲ့မျက်နှာနဲ့မေးလာတဲ့သားလေးက အသက်(၆) နှစ်ဘဲရှိပါသေးတယ်။ ဒါပေမဲ့သိတတ်စ၊ စူးစမ်းတတ်တဲ့အရွယ်၊ မိသားစုသံယောဇဉ်လေးကလည်း ကြီးလွန်းတယ်။ မိသားစုထဲကတယောက်ယောက်နာမကျန်းဖြစ်ရင် အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်တဲ့သူလေးပါ။

Saturday, April 28, 2012

အတ္တမဖက်သော

ရဲရဲတွေး


“ကိုကို. သတင်းစာကြီးလက်ကဘယ်တော့ချမှာလဲ။ ကိုကို့သမီးလေးကိုထမင်းစားဘို့ဝိုင်းပြောပါဦး”
ကျွန်တော်သတင်းစာကိုခုံပေါ်ချထားပြီး သမီးလေးနဲ့သူ့အမေဆီလာခဲ့တယ်။ ထမင်းပန်းကန်ရှေ့မှာသမီးလေးကမျက်ရည်ဝဲလို့။ တကယ်တော့သမီးလေး ဆင်ဒူဂျာဟာ သိတတ်ပြီးလိမ္မာရေးခြားရှိတဲ့သမီးလေးပါ။ ကျွန်တော်က.
“သမီးရယ်၊ ဖေဖေ့ကိုချစ်ရင် ထမင်းလေးတလုပ် နှစ်လုပ်လောက် ကြိုးစားပြီးစားလိုက်ပါကွယ်၊ နော်” လို့ ချော့မော့ပြောလိုက်တယ်။
“ဖေဖေစားစေချင်ရင်စားပါ့မယ်။ တလုပ်မဟုတ်ပါဘူး၊ တပန်းကန်လုံးကုန်အောင်စားပါ့မယ်။ ဒါပေမဲ့”
သမီးလေးက စကားရပ်ပြီးကျွန်တော့်ကိုမ၀ံ့မရဲမော့ကြည့်လိုက်တယ်။ ပြီးတော့.

Friday, April 27, 2012

နောင်တ

အိမ်သူသက်ဆွေ
မီးဖွားချေပြီ
အမေနေမှကောင်းရဲ့လား။

မောင်လွှာရင့် (ကုန်းခြံကုန်း)

တို့ယုံကြည်တာက

ရဲရဲတွေး

  • လူနှစ်ဦးအမြင်မတူအငြင်းပွားနေလို့ တဦးအပေါ်တဦးမေတ္တာမရှိဘူးလို့ပြောလို့မရနိုင်သလို၊ လူနှစ်ဦးအငြင်းအခုံမပြုယုံနဲ့ တဦးအပေါ်တဦးမေတ္တာရှိတယ်လို့ပြောလို့မရပါဘူး။ 

  • လူဆိုတာပြောင်းလဲတတ်တဲ့သဘောရှိတာကို သိထားရင် ပြောင်းလဲသွားတဲ့သူငယ်ချင်းကို နားလည်နိုင်ပါတယ်။ ဘယ်လောက်ကောင်းတဲ့သူငယ်ချင်းဖြစ်နေပါစေ၊ တကြိမ်တခါတော့ မိမိကိုနာကျင်အောင်လုပ်မိမှာဘဲမို့ အဲဒီအတွက်ခွင့်လွှတ်လိုက်တာကောင်းပါတယ်။

Thursday, April 26, 2012

သြော်..

စောခလို။  တို့က တိရိစ္ဆာန်တွေနဲ့နေ့တိုင်းအလုပ်လုပ်နေတာ။

တရွာသူ။  ဟုတ်လား၊ ဒါဆိုတိရိစ္ဆာန်တွေကိုအရမ်းချစ်တာဘဲလားဟင်။

စောခလို။  တို့က သားသတ်သမား (Butcher) ပါ။

တရွာသူ။   အို...

Saturday, April 21, 2012

လေခိုလို့

တခါကတောရွာတရွာတွင် အသက် ၄၀ ကျော်မှအိမ်ထောင်ကျသော စောခလိုမှာ ကလေးအလွန်လိုချင်လျက်ရှိရာ ၄င်း၏ဇနီးသည်ကိုယ်ဝန်ရှိသောအခါ လွန်စွာဂရုစိုက်လေသည်။

တနေ့တွင် ဇနီးသည် နေထိုင်မကောင်းသဖြင့် မြို့တက်ပြီးဆရာဝန်နှင့်ပြရာ အသေအချာစစ်ဆေးပြီးနောက် ဆရာဝန်က၄င်း၏ဇနီးမှာကိုယ်ဝန်မရှိကြောင်းပြောသဖြင့် စောခလိုမှာ မယုံနိုင်အောင်ဖြစ်ရလေသည်။

“ဒါဖြင့်ရင် ကျွန်တော့်ဇနီးကဘာကြောင့်ဗိုက်ပူနေတာလဲ” ဟုစောဒကတက်ရာ ဆရာဝန်က “လေခိုနေတာပါ” ဟု နောက်လိုက်သည်။

ဤတွင်စိတ်ပျက်ပျက်နှင့် စောခလိုပြန်ပြောလိုက်တာက "ကျုပ်မိန်းမဗိုက်ထဲလေခိုရအောင် ဆရာကကျုပ်ကို လေထိုးတံထင်နေသလား” တဲ့။

Thursday, April 19, 2012

အမှတ်တရဖေဖေ (စောဘဦးကြီး)

ရဲရဲတွေး

သူ့အရပ်က ၅ ပေ ၈ လက်မရှိပြီး ဆံပင်ကိုသေသပ်စွာနောက်ပြန်ဖြီးလေ့ရှိတယ်။ ပခုံးကျယ်ပြီးကြွက်သားလှိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ဟာ ယောက်ျားပီသပြီး အလွန်ကြည့်ကောင်းသူ တယောက်ဖြစ်တယ်။ လေးထောင့်ကျကျမျက်နှာမှာအပြုံးရိပ်တွေအမြဲဝေနေပေမဲ့ လေးနက်တည်ကြည်စွာခန့်ညားနေတဲ့သူ့ကို ကင်းဘရေ့ဂ်ျတက္ကသိုလ်(Cambridge University) မှခင်မင်သူမိတ်ဆွေတွေက ဖရက်ဒ်အလဲန်(Fred Allen) လို့ခင်မင်စွာခေါ်ကြတယ်။

အမြဲလိုလိုမျက်မှန်တပ်ထားလေ့ရှိတဲ့သူ့ကို ဓာတ်ပုံထဲမျက်မှန်မပါဘဲတွေ့ရတော့တမျိုးလေးဆန်းနေသလိုပါဘဲ။ ချမ်းသာကြွယ်ဝတဲ့မိဘမျိုးရိုးကဆင်းသက်လာပြီး အနောက်တိုင်းခေတ်ပညာတတ်တဲ့သူဟာ အနေအထိုင်သန့်ပြန့်ပြီး မိမိကိုယ်မိမိယုံကြည်မှုအပြည့်ရှိသူ၊ စိတ်ဓာတ်မြင့်မားခိုင်မာသူတယောက်ဖြစ်တယ်။ သူဟာ သန့်သန့်ရှင်းရှင်းနဲ့ စတိုင်ကျနစွာနေထိုင်တတ်သူတယောက်လည်းဖြစ်တယ်။

Tuesday, April 10, 2012

မိုးနှင့်အတူ



ရှစ်ခွင်အုပ်ဆိုင်း ညှို့မှိုင်းချိန်ဝယ်
လေပြေရယ်ဖျန်း အေးချမ်းလှတယ်
ရွှေမိုးညိုက ရွာချတော့ကွယ်
ရင်ထဲက လွမ်းဇာတ်ဗျာပါကြွယ်။

တရွာစီခြား သက်ထားပျိုရယ်
မမြင်တာကြာ မောင့်မှာလွမ်းလှတယ်
ရင်ဝယ်မှန်းဆ တမ်းတကာရယ်
မာစေကြောင်း ဆုတောင်းပါရဲ့ကွယ်။

 မြိုင်နန်းလုလင်

ငယ်စဉ်တချိန်က

Saturday, April 7, 2012

ငြိမ်းချမ်းရေး ခြေလှမ်းသစ်ဆီ

ရဲရဲတွေး


စော။ မတွေ့တာတောင်ကြာသွားပြီ၊ နေကောင်းရဲ့လားမန်း။ ကြုံလာပြန်ပြီမို့ ပြောစရာရှိ ပြောရဦးမယ်မန်းရေ။

မန်း။ ကြာသလားလို့စောရေ၊ ပြောစမ်းပါဦး။ ဘာတွေများလဲဗျာ။

စော။ ကျွန်တော်တို့ KNU ကိုယ်စားလှယ်အဖွဲ့ရဲ့ ခုတခေါက် ငြိမ်းချမ်းရေးခရီးစဉ်က အားရစရာကောင်းလိုက်တာဗျာ။ အစီအစဉ်တွေ၊ သတင်းတွေဖတ်ရ၊ ကြားရတာ အမျိုးသားရေးစိတ်၊ ပြည်ထောင်စုစိတ်တွေ ပိုပြီးနိုးကြားလာသလိုခံစားရတယ်။

မန်း။ အောင်မယ်၊ တယ်ဆိုတဲ့စာပါလား။ ဟုတ်ပါတယ်၊ တကယ့်ကိုကျေနပ်ဖွယ်အားမာန်သစ်ခြေလှမ်းတခုဘဲ။ ဒါနဲ့မေးပါရစေ၊ ပထမဆွေးနွေးပွဲကကော မကောင်းလို့လား စော။