ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Wednesday, September 5, 2012

ကိုယ့်သမိုင်းကိုယ်ရေး

လပေါ်အွာ



လူ့ပြည်ရွာ အလည်လာ
ခဏတာနားခိုတုန်း
ဟုန်းဟုန်းတောက် စေတနာနဲ့
လူ့ပြည်ရွာအကျိုး ဘာသယ်ပိုးခဲ့သလဲ။

လက်သီးဆုပ်ကြီးနဲ့မွေးလာ
ရတာအကုန်ယူမယ်လို့
ကိုယ့်အကျိုးသာကြည့်
မရှိပရ၊ ကြီးအတ္တ။

ဆံဖြူပြီး သွားကျိုးချိန်
ကိုယ့်အိမ်ကိုယ်ပြန်ချိန်ရောက်တော့
ကျော့ကျော့ကလေး လက်ဖြန့်မှာ
ဘာမှမပါ လက်ဗလာ။

ကုသိုလ်လုပ်လုပ်
အကုသိုလ်လုပ်လုပ်
အဟုတ်တကယ်နတ်သိတယ်
ဘယ်စခန်း ဘယ်မြန်းမသိခင်
ကိုယ်လိုချင်တာ ကိုယ်ဘဲလုပ်ရမှာ
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးမဟုတ်လား။  ။



လ်ုပ၀်အွာ (ထ၀့်ရွဲ.ထီ့ဏါင်တ်ုဝါန့်) 

Monday, September 3, 2012

Released from The Kya-Pyay’s Blacklist


Kawthoolei Saw Saw



 I was so surprised to see the acquisition of Kya-pyay Thein Sein to our KAREN people, saying that:-

Once you were my slaves and were born to live under my control. After the slaves run away from their master, they were considered betrayers of the master and automatically under “THE LAW OF HEAVEN”
they were considered criminals. Therefore, with heavenly authorisation, in my anger sprung from your betrayal, I have put your name on the blacklist and you are no longer worthy to call me your “MASTER”.
And now listen to me!

All those betrayers, outlaws and criminals, who are now living in darkness!

Saturday, September 1, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲစိန်ခေါ်ချက် နှင့် ကရင်ဗမာစစ်ပွဲအဆုံးသတ်ရေး


 တက္ကသိုလ် တောင်တန်းလုလင်


“ခြင်္သေ့ဆိုသည်ကား ဘယ်သောအခါမှမြက်ကိုသူမစား”
  • ကရင်ဗမာစစ်ပွဲဘဲခေါ်ခေါ်
  •  အမျိုးသားခုခံကာကွယ်ရေးစစ်ဘဲခေါ်ခေါ် 
  •   တိုင်းရင်းသားတော်လှန်ရေးစစ်ပွဲဘဲခေါ်ခေါ်
  •   မြန်မာနိုင်ငံပြည်တွင်းစစ်ကြီးလို့ဘဲခေါ်ခေါ်
အဓိပ္ပါယ်ကတော့အားလုံးအတူတူ၊ တခုတည်းပင်ဖြစ်သည်။ ၆၃နှစ်ပင်ကျော်လွန်လာပြီဖြစ်သော ဤကရင်ဗမာစစ်ပွဲကြီး၏နောက်ကွယ်တွင်ကြီးမားနက်ရှိုင်းသောအခြေခံ အကြောင်းချက်ကြီးများရှိနေမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံမှ တမီလ်ကျား သင်ခန်းစာ


“ ဆောင်းပါးအသစ်တပုဒ်မဟုတ်သော်လည်း လက်ရှိစစ်အစိုးရကို အယုံလွန်၊ အညှာလွယ်လွန်နေသောခေါင်းဆောင်တချို့ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လက်ရှိတပ်တည်နေရာကိစ္စ၊ စစ်ရေးကိစ္စဆွေးနွေးပါက ဆွေးနွေးပွဲကိုအဟန့်အတားဖြစ်စေမည် ပြောရန်စောသေးသည်ဟု ယူဆသောခေါင်းဆောင်တချို့ အဖန်တရာဖတ်နိုင်ရန်အတွက်ပြန်လည်ဖော်ပြပေးပါသည်”


  

 မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ် ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။