ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Wednesday, August 29, 2012

မြန်မာနိုင်ငံ Legal Aid Project

“ အများပြည်သူအတွက်သတင်းကောင်းမို့ အများသိစေရန်ဆင့်ပွားကူးယူတင်ပြပေးပါသည် 


 အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည် "

Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်။


Saturday, August 25, 2012

ပေါင်းမြက်မစားသော ခြင်္သေ့



“ခြင်္သေ့မင်းမြက်စားသွားပါလေစေ ကျွန်ုပ်တို့ဘယ်တော့မှလက်နက်ချ ဦးညွတ်လိမ့်မည်မဟုတ်”



 တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ


ခေတ်အဆက်ဆက်၊ တော်လှန်ရေးအဆက်ဆက်တွင် ကံနိမ့်ခိုက် မြက်စားမည့် ခြင်္သေ့အတုယောင် ခေါင်းဆောင်များရှိနေမည်ဖြစ်သော်လည်း စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် ကိုယ်ကျိုးမဖက် ရဲရင့်တောက်ပသည့် ခြင်္သေ့မင်းကဲ့သို့သောခေါင်းဆောင်များလည်းအမြဲမပြတ်ပေါ်ထွန်းနေပါသည်။

ရဲရင့်တောက်ပသောနှလုံးသားနှင့် ခေါင်းဆောင်များကား ကံနိမ့်သော်လည်းမြက်မစား၊ ကံမြင့်ချိန်၌လည်းအောက်ခြေလွတ်မသွားဘဲ ပြည်သူများ၏ဘ၀၊ ဆန္ဒ ကိုအစဉ်လေးစားလျက် ကိုယ်ကျိုးမဖက် အသက်အပ်နှင်း၍ ခေါင်းဆောင်မှုပေးသောသူများပင်တည်း။


ရဲရဲတွေး (၂၅. ၈. ၂၀၁၂)


အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၏သဘောထား


တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ







 

“KNU တပ်မဟာနှင့် ခရိုင်များအားလုံး ဤကဲ့သို့ ခိုင်မာပြတ်သားသော အမျိုးသားရပ်တည်ချက် ရှိပါက ကရင်ပြည်သူများ၏ အားကိုးယုံကြည်မှုနှင့် အားပေးထောက်ခံမှုကိုအမြဲရရှိနေမည်ဖြစ်ပါသည်”


ယခုလက်ရှိအချိန်သည် KNU ခေါင်းဆောင်များနှင့် ဗမာအစိုးရ တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေးကိစ္စဆွေးနွေးပြောဆိုနေဆဲကာလဖြစ်ပါသည်။ သို့သော် တိကျသေချာသောသဘောတူညီမှု တစုံတရာမရ ရှိနိုင်သေး ပါ။ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်နေဆဲ ကာလဖြစ်ပြီး စစ်မှန်သောငြိမ်းချမ်းရေး တခုမရရှိနိုင်သေးသောကြောင့် -

Sunday, August 19, 2012

အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေး ဆိုသည်မှာ KNU ဆက်ဆံရေး ရုံးဖွင့်ပွဲက သက်သေပြ


















စတုတ္ထမြောက် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ မြ၀တီ ဆက်ဆံရေး ရုံးဖွင့်ပွဲကို အစိုးရ ၀န်ကြီးများ အပါဝင်၊လွှတ်တော် ကော်မီရှင်များနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာ အကြီးအကဲများကို အင်တိုက်အားတိုက် တက် ရောက်စေခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား သွေးခွဲပြီး ဆက်ဆံရာ ရောက်စေခဲ့သည်ဟု အခမ်းအနားကို တက်ရောက် ခဲ့သော KNU ခရိုင် အတွင်းရေးမှူး တဦးက ဆိုပါသည်။

Friday, August 17, 2012

တိုင်းပြည်နာမည်နှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ အမြင်

 မင်းသုတ

တလောက ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်စဉ် တိုင်းပြည် နာမည်ကို (Burma) ဟုပြောဆို သုံးနှုံးခဲ့ရာမှပြဿနာတရပ် သဖွယ်ဖြစ်လာခဲ့ခြင်းနှင့်ပတ်သက်၍ ဗမာ မဟုတ်သော တိုင်း ရင်းသား လူမျိုးများစွာ တို့၏ အမြင်နှင့် ခံစားချက်ကို တင်ပြလိုပါသည်။


Thursday, August 16, 2012

သူရဲကောင်း

လပေါ်အွာ 

 

  • သစ်တပင်ကောင်း၊ ငှက်တသောင်းနားမူ
         မည်သူသစ်ပင်ဖြစ်မည်နည်း။

  • ရှေ့ဆောင်ကောင်းမှ၊ နောက်လိုက်ကောင်းမူ
         ဘယ်သူရှေ့ဆောင်ဖြစ်မည်နည်း။

  • ငုံးမင်းလောင်းကြောင့်၊ ငုံးအပေါင်းလွတ်မူ
         မည်သူငုံးမင်းဖြစ်မည်နည်း။

  • ပြည်သူ၏ထိပ်၊ အရိပ်လိုသည်
        တိုင်းရင်းအပေါင်း၊ ခေါင်းဆောင်ကောင်းလိုသည်
        လူထုအသိ၊ ပညာရှိလိုသည်
        ကိုယ်ကျိုးမမူ၊ စွန့်လွှတ်သူလိုသည်
        မည်သူဦးဆောင်ပေးမည်နည်း။

  • ပြည်သူ၏ထိပ်၊ အရိပ်မိုးသူ
        တိုင်းရင်းအကျိုး၊ သယ်ရွက်ပိုးသူ
        လူထုအသိ၊ မျက်စိဖွင့်သူ
        ကိုယ်ကျိုးမငဲ့၊ စွန့်လွှတ်ရက်သူ
        သူသည် ဒို့ရဲ့သူရဲကောင်း။    ။

        လ်ုပ၀်အွာ (ထော်ရွဲကမ်းနား)


တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍















ကျွန်တော် တိုင်းရင်းသားကိစ္စတွေ တော်ရုံတန်ရုံ ပြောလေ့မရှိပါဘူး၊ အကဲဆတ်တဲ့ ကိစ္စ၊ ထိရှလွယ်တဲ့ ကိစ္စ၊ ကိုယ်အပြော မတတ်ရင် နားလည်မှု လွဲနိုင်တဲ့ ကိစ္စမို့ ပြောလေ့မရှိဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာမျိုး သိပ်မဖြစ်နိုင်တဲ့ အပြုသဘော ဆောင်မယ်ထင်တဲ့ အကြောင်းအရာ တစ်ခုကို အခု ပြောချင်ပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ကြားမှာ လူမျိုး နာမည် ခေါ်တဲ့ အခါမှာ မကြိုက်တဲ့ နာမည် မခေါ်မိစေဖို့ပါ။

Sunday, August 12, 2012

သူတို့တတွေ လည်စင်းခံကြလေပြီ


တမန်တော် ရွှေဥသြ















ခုတလော KNU နှင့် ကြပ်ပြေးသိန်းစိန်အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တပိုင်းတစဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် ပြည်တွင်းပြည်ပ နယ်စအနှံ့ဝေဖန်သံနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ထိုဆွေးနွေးပွဲ၏ နောက်ဆုံးရက်မှ ထွက်ပေါ်လာတဲ့ အကြောင်းရပ်တခုကို ကရင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည်ဟုယူဆသဖြင့် တင်ပြလိုက်ရပါသည်။