ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Thursday, January 12, 2012

မေတ္တာဝတ်ရည်

ပန်းတို့ဝတ်ရည်
မြရည်ကြည်ဟာ
ဖြစ်တည်ဆင်းသက်
ပန်းမျိုးဆက်ရဲ့ အသက်ပေါ့။

လှပတင့်ဆန်း အမြင့်ပန်းမို့
ချူနမ်းပန်ဆင် ပန်းတော်ဝင်နှင့်
မ၀င့်မထယ် ပန်းငယ်ငယ်မို့
ပစ်ပယ်လေစမ်း အညံ့ပန်းလို့ရှိပေမယ့်..
ပန်းမှန်ရင်ပေါ့
မျိုးဆက်ရှင်သန် မျိုးတင်ကျန်ဖို့
ဝတ်ရည်လေးတော့ရှိကြတယ်။

ကြည့်လိုက်စမ်းလေ..
ပန်းတို့ဝတ်ရည်
မြရည်ကြည်ဟာ
ဖြစ်တည်ဆင်းသက်
ပန်းမျိုးဆက်ရဲ့ အသက်ပေါ့။

(မိခင်ရဲ့ မေတ္တာဝတ်ရည်အား ဦးခိုက်သတိရလျက်)

မြိုင်နန်းလုလင်

No comments: