ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Friday, April 27, 2012

တို့ယုံကြည်တာက

ရဲရဲတွေး

  • လူနှစ်ဦးအမြင်မတူအငြင်းပွားနေလို့ တဦးအပေါ်တဦးမေတ္တာမရှိဘူးလို့ပြောလို့မရနိုင်သလို၊ လူနှစ်ဦးအငြင်းအခုံမပြုယုံနဲ့ တဦးအပေါ်တဦးမေတ္တာရှိတယ်လို့ပြောလို့မရပါဘူး။ 

  • လူဆိုတာပြောင်းလဲတတ်တဲ့သဘောရှိတာကို သိထားရင် ပြောင်းလဲသွားတဲ့သူငယ်ချင်းကို နားလည်နိုင်ပါတယ်။ ဘယ်လောက်ကောင်းတဲ့သူငယ်ချင်းဖြစ်နေပါစေ၊ တကြိမ်တခါတော့ မိမိကိုနာကျင်အောင်လုပ်မိမှာဘဲမို့ အဲဒီအတွက်ခွင့်လွှတ်လိုက်တာကောင်းပါတယ်။

  • အချစ်စစ်ရဲ့သဘောဟာ ပြောင်းလဲမသွားတတ်သလိုဘဲ မိတ်ဆွေကောင်းဆိုတာဘယ်လိုဘဲအနေဝေးနေပါစေ၊ ပြောင်းလဲမသွားပါဘူး။ 

  • မိမိရဲ့စိတ်၊ အမူအကျင့်ကို မိမိကထိမ်းချုပ်မထားရင် မိမိစိတ်၊ အမူအကျင့်ကမိမိကိုထိမ်းချုပ်သွားလိမ့်မယ်။

  • သူရဲကောင်းဆိုတာဘယ်လိုအကျိုးဆက်တွေဖြစ်သွားပါလေစေ၊ ကိုယ်လုပ်သင့်လုပ်ထိုက်တာတခုကို ပြီးပြတ်သွားအောင်လုပ်ဆောင်သွားသူပါဘဲ။

  • တခါတလေကျတော့ မိမိဘ၀နိမ့်ကျ၊လဲပြိုသွားခဲ့ရင် အနိုင်ယူဟားတိုက်လိမ့်မယ်လို့ ထင်ထားမိတဲ့လူတယောက်ဟာ၊ မိမိတကယ်နိမ့်ကျသွားချိန်မှာ မိမိကိုဖေးမ၊ တွဲကူပေးသူဖြစ်နေတတ်ပါတယ်။

  • စိတ်ဆိုးဖွယ်အဖြစ်နဲ့ကြုံလာချိန်မှာ လွပ်လပ်စွာပေါက်ကွဲဒေါသထွက်ခွင့်ရှိပေမဲ့၊ အဲဒီဒေါသကြောင့် ရက်စက်ကြမ်းကြုတ်ခွင့်တော့မရှိပါဘူး။

  • ရင့်ကျက်ခြင်းဟာ ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုက သင်ယူရရှိလာတာဖြစ်ပေမဲ့ အသက်ကြီးတာနဲ့တော့မသက်ဆိုင်လှပါဘူး။

  • သင့်ရဲ့နှလုံးသားတခုလုံး တစစီကြေမွပျက်စီးသွားပလေစေ၊ လောကကြီးကတော့အဲဒီအတွက် ငိုကြွေးရပ်တန့်သွားမှာမဟုတ်ပါဘူး။

  • အားလုံးအပေါ်ခွင့်လွှတ်စိတ် ထားသင့်သလိုဘဲ၊ တခါတလေတော့လဲ မိမိကိုယ်မိမိ ခွင့်လွှတ်တတ်အောင် သင်ယူသင့်ပါတယ်။

  • သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သင့်အပေါ်ဘယ်လိုဘဲ လွှမ်းမိုးသြဇာသက်ရောက်နေပါစေ၊ သင်ဘယ်လိုလူတယောက်လဲဆိုတာကတော့ သင့်အပေါ်မှာသာမူတည်ပါလိမ့်မယ်။

ရဲရဲတွေး

နှစ်သက်စုစည်းမှုမှတ်တမ်း

3 comments:

Anonymous said...

ကျေးဇူးပဲ အိမ်မက်လွင်ပြင်ရေ.. အတွေးအခေါ် ဒသနတွေက အတွေ့အကြုံဖြတ်သန်းလာခဲ့မှုအပေါ်မှာ မူတည်ပြီး ဖေါ်ထုတ်နိုင်တာ အင်မတန်ကောင်းတယ်၊ မျှဝေ ခံစားပေးနိုင်တာကိုလဲ အများကြီးကျေးဇူးတင်တယ်နော်

Thorthipoe said...

I agree. Thanks so much for sharing such deep meaningful thought which is so uplifting.

Anonymous said...

ဘာသာရေး ဘယ်လောက်အရေးပါပါ သွေးရင်းတွေကပဲ လိုအပ်ချိန်မှာ ကိုယ့်ကိုပြန်ကြည့်ကြလိမ့်မယ်.

လက်သီးလက်မောင်းတန်းတိုင်း သတ္တိရှိ အမျိုးချစ်တာမဟုတ်ဘူး. အမျိုးဖြုတ်ချင်သူတွေအတွက် အကြောင်းပြချက်ကောင်းကောင်းတောင် ဖြစ်သွားနိုင်တယ်.

ပဲပြုတ်ဘယ်လောက်ကောင်းကောင်း တာလပေါ့ကိုတော့ မစွန့်နိုင်ဘူး :D