ရည်ရွယ်ရာ..
ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, January 7, 2015
ငါတို့ ဘုရားသခင်ကိုပဲ ငါတို့  ယုံကြည်တယ်
နှစ်တနှစ်တော့ ပြောင်းသွားပြီ
နှစ်ဟောင်းဝတ်စုံ သူတို့ ခြုံလို့ ကောင်းနေကြတုန်း...
သွားကြပြန်ပြီ
စစ်ဗိုလ်ချုပ်တွေ ကန်တော့ပွဲတဲ့
တို့ ပြည်သူတွေကို သတ်ခဲ့တဲ့
ကြည်းတပ် ရေတပ် လေတပ်တွေကို
သူတို့  သူတို့ တွေ......
လက်အုပ်ချီ ကန်တော့ နေကြတော့မယ်
ကရင်ပြည်သူတွေ မျက်ရည်တွေနဲ့ 
သိက္ခာတွေ တလှေကြီးပေးလိုက်ရပြီ အတီးရေ.....
မြစ်ဝကျွန်းပေါ်ကတော့
ငေးငေးငိုင်ငိုင်
ဘေးထိုင်နေရရှာတယ်
တော်လှန်ရေး ဘူမိနက်သန်
သမိုင်းမှာပဲ ကျန်ခဲ့သလား
မစဉ်းစားကြတော့ဘူး
သူတို့ လှေသူတို့ ထိုးလို့ 
ရန်ုကုန်ရောက်ရောက်
နေပြည်တော်ရောက်ရောက်
မိုးစုန်းစုန်းချုပ်မှရောက်လည်း
အရှုံးမှမရှိပဲတဲ့
ပူးပေါင်းဆောင်ရွက်တာ မကောင်းဘူးလား
အကြောင်းထူးသားပဲလေ
ဝစ်သောက် အစီး ၃၀၀
ကုပဏီ ၃၅ လုံး
ပဒိုကြီးတွေပြုံးလို့ ပျော် စစ်ဗိုလ်ချုပ်ကြီးတွေပြုံးလို့ ပျော်
တောနက်နက်တနေရာ
ပြည်တွင်းဒုက္ခသည်ဆိုတဲ့ရွာမှာတော့
ဖယောင်းတိုင်တထုတ်နဲ့  နှစ်သစ်ကို ကြိုလိုက်ကြတယ်
မနက်ဖြန်
နေ၀င်ပြီးရင် နေပြန်ထွက်မယ်
ငြိမ်းချမ်းရေး
ငါတို့ မသိဘူး
စစ်ဗိုလ်ချုပ်တွေ ငါတို့ မယုံဘူး
ပဒိုကြီးတွေလည်း အတူတူပါပဲလေ
ငါတို့ အသက်ကို ဘုရားသခင်က ဖန်ဆင်းတယ်
ငါတို့ အသက်ရှင်နေသေးတယ်ဆိုရင်ပဲ
ငါတို့  ဘုရားသခင်ကိုပဲ ငါတို့ ယုံကြည်တယ်။
ခိုင်မာကျော်ဇော
ဇန်န၀ါရီ ၂၊ ၂၀၁၅
Wednesday, November 5, 2014
ကိုးကိုးကျွန်းမှာ ပြန်ရေးပါ
ရဲဘော်ဖန်းရှောင်း
လမ်းပြောင်းသွားပြီ၊
ကျွန်းပြန်ကြီးရေ့ 
ဒါ တို့ တိုင်းပြည်
ပဒိုမန်းရှာလို့  သူရဲကောင်းတွေနေတဲ့ တိုင်းပြည်ကွဲ့ ။
အရူးချီးပန်း ဘီလူးပန်းစီးကမ်းသူတွေနေတဲ့ တိုင်းပြည်မဟုတ်ဘူး။
တို့ တိုင်းပြည်ကြီး
စစ်ဘီလူးစီးတာ
အဲ့ဒါ့  ကရင့်လက်ချက်လို့ 
ရဲဘော်ဖန်းရှောင်းပြောလို့ ထွက်တယ်။
ဒါလား ကျွန်းပြန်ကြီးရဲ့ သမိုင်း
အဲ့ဒီသမိုင်း
ကိုးကိုးကျွန်းမှာ ပြန်ရေးပါ။
--------------------------------------
ခိုင်မာကျော်ဇော
၂၉ စက်တင်ဘာ၊ ၂၀၁၄
Tuesday, October 28, 2014
နော်အုန်းလှသို့ ဦးညွတ်ခြင်း
နော်အုန်းလှသို့ ဦညွတ်ခြင်း
ခိုင်မာကျော်ဇော
---------------------------------
ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ 
အမြဲပြုံးနေတတ်တဲ့ 
အုန်းလှဆိုတဲ့ ကရင်မကို 
အားကျကြစမ်းပါ။
အဲ့ဒီမိန်းမဟာ 
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။
အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။
နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား 
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို 
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။
ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။
--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)
ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ ...
အမြဲပြုံးနေတတ်တဲ့
အုန်းလှဆိုတဲ့ ကရင်မကို
အားကျကြစမ်းပါ။
အဲ့ဒီမိန်းမဟာ
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။
အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။
နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။
ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။
ခိုင်မာကျော်ဇော
--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)
Wednesday, September 5, 2012
ကိုယ့်သမိုင်းကိုယ်ရေး
လပေါ်အွာ
လူ့ပြည်ရွာ အလည်လာ
ခဏတာနားခိုတုန်း
ဟုန်းဟုန်းတောက် စေတနာနဲ့
လူ့ပြည်ရွာအကျိုး ဘာသယ်ပိုးခဲ့သလဲ။
လက်သီးဆုပ်ကြီးနဲ့မွေးလာ
ရတာအကုန်ယူမယ်လို့
ကိုယ့်အကျိုးသာကြည့်
မရှိပရ၊ ကြီးအတ္တ။
ဆံဖြူပြီး သွားကျိုးချိန်
ကိုယ့်အိမ်ကိုယ်ပြန်ချိန်ရောက်တော့
ကျော့ကျော့ကလေး လက်ဖြန့်မှာ
ဘာမှမပါ လက်ဗလာ။
ကုသိုလ်လုပ်လုပ်
အကုသိုလ်လုပ်လုပ်
အဟုတ်တကယ်နတ်သိတယ်
ဘယ်စခန်း ဘယ်မြန်းမသိခင်
ကိုယ်လိုချင်တာ ကိုယ်ဘဲလုပ်ရမှာ
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးမဟုတ်လား။  ။
လ်ုပ၀်အွာ (ထ၀့်ရွဲ.ထီ့ဏါင်တ်ုဝါန့်) 
Thursday, August 16, 2012
သူရဲကောင်း
လပေါ်အွာ 
  • သစ်တပင်ကောင်း၊ ငှက်တသောင်းနားမူ
         မည်သူသစ်ပင်ဖြစ်မည်နည်း။
  • ရှေ့ဆောင်ကောင်းမှ၊ နောက်လိုက်ကောင်းမူ
         ဘယ်သူရှေ့ဆောင်ဖြစ်မည်နည်း။
  • ငုံးမင်းလောင်းကြောင့်၊ ငုံးအပေါင်းလွတ်မူ
         မည်သူငုံးမင်းဖြစ်မည်နည်း။
  • ပြည်သူ၏ထိပ်၊ အရိပ်လိုသည်
        တိုင်းရင်းအပေါင်း၊ ခေါင်းဆောင်ကောင်းလိုသည်
        လူထုအသိ၊ ပညာရှိလိုသည်
        ကိုယ်ကျိုးမမူ၊ စွန့်လွှတ်သူလိုသည်
        မည်သူဦးဆောင်ပေးမည်နည်း။
  • ပြည်သူ၏ထိပ်၊ အရိပ်မိုးသူ
        တိုင်းရင်းအကျိုး၊ သယ်ရွက်ပိုးသူ
        လူထုအသိ၊ မျက်စိဖွင့်သူ
        ကိုယ်ကျိုးမငဲ့၊ စွန့်လွှတ်ရက်သူ
        သူသည် ဒို့ရဲ့သူရဲကောင်း။    ။
        လ်ုပ၀်အွာ (ထော်ရွဲကမ်းနား)
Saturday, June 23, 2012
မငိုပါနဲ့ ဧရာဝတီ
၁။ မေလရောက်လျှင် အံ့လောက်ဖွယ်ပင်
    ကချင်တောင်တန်း လျှိုမြောင်စမ်းသို့
    ဖြတ်သန်းတိုက်လာ ရှေ့“ပြုဗ္ဗာ” မှ
    လေလာမိုးရွာ သိမ့်သိမ့်ခါ၍
    ရာသီအစ မိုးဦးလ။   ။
၂။ မိုးရာသီတွင် ကချင်နယ်တွင်း
    လေ့လာရင်းဖြင့် “မြစ်ဆုံ” ရောက်ခိုက်
    လမ်းကြုံခိုက်တွင် ရေ၌ဆင်းခါ
    သန့်စင်ပါသည် - ယာမှာ “မေခ”
    စိတ်လက်ကြည်သည် မြန်ပြည်ဌာန
    ချမ်းမြေ့စွ။   ။
၃။ ယခုအခါ သိရပါသည်
    မြစ်ဆုံဝန်းကျင် နယ်တခွင်၌
    “တရုတ်တရက်” လက်ချင်းဆက်လျက်
    ပေါင်းဖက်ကျိုးတူ ဓာတ်အားယူရန်
    မိုးယံထိရောက် ဆည်ကိုဆောက်မတဲ့။    ။
၎။ အကယ်၍သာ
    မိုးယံအရောက် ဆည်တည်ဆောက်လျှင်
    ကချင်ပြည်နယ် အသွယ်သွယ်တွင်
    ပါဝင် “မြစ်ဆုံ” အဖုံဖုံ၌
    မိုးကုန်ရေရှား သတ္တ၀ါများပင်
    ကြက်စားရာမရှိ အတိဒုက္ခါ
    အဖြာဖြာတွင် “ဧရာ” လည်းသိ
    “မြစ်ကျဉ်း” ရှိရာ ၀ဲရာနှစ်ဘက်
    ပတ်ကြားအက်နှင့် ထိုးနှက်တူးဆွ
    ရွှေစရှာသူ သစ်ခုတ်သူနှင့်
    ဖုတ်ယူအုတ်များ ရှာဖွေစားစဉ်
    ကမ်းပါးပျက်ပြို နဂိုမရှိ
    ခန်းခြောက်ဘိကို သင်သိငါသိ
    အားလုံးသိကြ မငိုပါနဲ့ ဧရာဝတီ။    ။
    မောင်စင်ကြယ်
Monday, May 28, 2012
သူနဲ့ကျနော်
သူနဲ့ကျနော်နဲ့
မယ်လ FSP ကျောင်းမှာ
စတင်တွေ့ကြ ပေါင်းသင်းကြရင်း
ရင်းနှီးခင်မင်ခဲ့ကြတယ်။
လကုန်ရင်သူကခေါ်လို့
ဘီယာဆိုင်သို့သွားဘို့
အကြောင်းဖန်လာတယ်။
Friday, April 27, 2012
နောင်တ
အိမ်သူသက်ဆွေ
မီးဖွားချေပြီ
အမေနေမှကောင်းရဲ့လား။
မောင်လွှာရင့် (ကုန်းခြံကုန်း)
Tuesday, April 10, 2012
မိုးနှင့်အတူ
ရှစ်ခွင်အုပ်ဆိုင်း ညှို့မှိုင်းချိန်ဝယ်
လေပြေရယ်ဖျန်း အေးချမ်းလှတယ်
ရွှေမိုးညိုက ရွာချတော့ကွယ်
ရင်ထဲက လွမ်းဇာတ်ဗျာပါကြွယ်။
တရွာစီခြား သက်ထားပျိုရယ်
မမြင်တာကြာ မောင့်မှာလွမ်းလှတယ်
ရင်ဝယ်မှန်းဆ တမ်းတကာရယ်
မာစေကြောင်း ဆုတောင်းပါရဲ့ကွယ်။
 မြိုင်နန်းလုလင်
ငယ်စဉ်တချိန်က
Monday, March 26, 2012
လိပ်ပြာငယ်ရဲ့ဝေဒနာ
ပန်းမာလ်တပွင့်
ပျက်ကြွေလွင့်သော်
ရင်နင့်ငိုကြွေး လိပ်ပြာလေး။
ဂနိုင်စော
Sunday, March 25, 2012
ငါကဘယ်လိုပုံသွင်နည်း
ကိုယ့်လမ်းကိုယ်ထွင်
လောကီခွင်တွင်
သွင်ပြင်မျိုးမျိုးရှိကြ၏။
ကိုယ်ထူကိုယ်ထ
လူ့လောကတွင်
ငါကဘယ်လိုပုံသွင်နည်း။
ဂနိုင်စော
မန်းငြိမ်းမောင်၏ တိုက်ပွဲဝင်ကဗျာ
စီးနေတဲ့ရေ
သေနေတဲ့ဓား
သွေးထားတဲ့ကျောက်
တိုက်ပွဲတောက်လျှောက်ဝင်ခဲ့တယ်။
ရဲဘော်ရှောင်း
သူတဦးတည်းသည်သာ..
မြန်မာ့သမိုင်းတလျှောက် နိုင်ငံရေးပြစ်ဒဏ် တသက်တကျွန်း နှစ်ကြိမ်နှစ်ခါ အပြစ်ပေးခံရသူ။
နှစ်ကြိမ်နှစ်ခါစလုံးစွန့်စားအောင်မြင်လွတ်မြောက်လာသူ။
ယင်းသို့ဖြင့် မြန်မာနိုင်ငံရေးသမိုင်းတွင် မော်ကွန်းတင်ကျန်မည့် နိုင်ငံရေးသမားကား ကရင်အမျိုးသားခေါင်းဆောင် မန်းငြိမ်းမောင် (ခ) ရဲဘော်ရှောင်းပင်ဖြစ်တော့သည်။
လွတ်မြောက်နယ်မြေအရောက် ကရင်အမျိုးသားထုနှင့်တိုက်ပွဲဝင်မြန်မာပြည်လူထုအားလုံးအတွက် သူပေးလိုက်သည့် တိုက်ပွဲဝင်ကဗျာလက်ဆောင်ပါ။
Thursday, January 12, 2012
မေတ္တာဝတ်ရည်
ပန်းတို့ဝတ်ရည်
မြရည်ကြည်ဟာ
ဖြစ်တည်ဆင်းသက်
ပန်းမျိုးဆက်ရဲ့ အသက်ပေါ့။
လှပတင့်ဆန်း အမြင့်ပန်းမို့
ချူနမ်းပန်ဆင် ပန်းတော်ဝင်နှင့်
မ၀င့်မထယ် ပန်းငယ်ငယ်မို့
ပစ်ပယ်လေစမ်း အညံ့ပန်းလို့ရှိပေမယ့်..
ပန်းမှန်ရင်ပေါ့
မျိုးဆက်ရှင်သန် မျိုးတင်ကျန်ဖို့
ဝတ်ရည်လေးတော့ရှိကြတယ်။
ကြည့်လိုက်စမ်းလေ..
ပန်းတို့ဝတ်ရည်
မြရည်ကြည်ဟာ
ဖြစ်တည်ဆင်းသက်
ပန်းမျိုးဆက်ရဲ့ အသက်ပေါ့။
(မိခင်ရဲ့ မေတ္တာဝတ်ရည်အား ဦးခိုက်သတိရလျက်)
မြိုင်နန်းလုလင်