ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label မန်းနဲ့စော. Show all posts
Showing posts with label မန်းနဲ့စော. Show all posts

Saturday, April 7, 2012

ငြိမ်းချမ်းရေး ခြေလှမ်းသစ်ဆီ

ရဲရဲတွေး


စော။ မတွေ့တာတောင်ကြာသွားပြီ၊ နေကောင်းရဲ့လားမန်း။ ကြုံလာပြန်ပြီမို့ ပြောစရာရှိ ပြောရဦးမယ်မန်းရေ။

မန်း။ ကြာသလားလို့စောရေ၊ ပြောစမ်းပါဦး။ ဘာတွေများလဲဗျာ။

စော။ ကျွန်တော်တို့ KNU ကိုယ်စားလှယ်အဖွဲ့ရဲ့ ခုတခေါက် ငြိမ်းချမ်းရေးခရီးစဉ်က အားရစရာကောင်းလိုက်တာဗျာ။ အစီအစဉ်တွေ၊ သတင်းတွေဖတ်ရ၊ ကြားရတာ အမျိုးသားရေးစိတ်၊ ပြည်ထောင်စုစိတ်တွေ ပိုပြီးနိုးကြားလာသလိုခံစားရတယ်။

မန်း။ အောင်မယ်၊ တယ်ဆိုတဲ့စာပါလား။ ဟုတ်ပါတယ်၊ တကယ့်ကိုကျေနပ်ဖွယ်အားမာန်သစ်ခြေလှမ်းတခုဘဲ။ ဒါနဲ့မေးပါရစေ၊ ပထမဆွေးနွေးပွဲကကော မကောင်းလို့လား စော။


Monday, March 26, 2012

ငြိမ်းချမ်းရေးနှင့်အတွင်းရန်

ရဲရဲတွေး


စော။ မန်းရေ၊ ပြောမယ်ပြောမယ်နဲ့ မပြောဘဲနေခဲ့တာ ခုတော့မနေနိုင်တော့လို့ပြောပါရစေဗျာ။

မန်း။ ပြောစရာရှိပြောပါစောရယ်။ ခင်ဗျားနဲ့ကျုပ်ကြားစကားပုလ္လင်ခံမနေပါနဲ့။

စော။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီးဦးအောင်မင်းလေဗျာ၊တိုင်းရင်းသားတွေလက်နက်ကိုင်ချင်စိတ်မပေါက်အောင်ဖွံ့ဖြိုးရေးလုပ်ပေးရမယ်။ ချမ်းသာရင်သူ့တို့လက်နက်စွန့်သွားလိမ့်မယ် ဆိုပါလား။ စော်ကားလိုက်တာဗျာ။

မန်း။ စောကလဲဗျာ၊ ထုံးစံအတိုင်း ဒေါသကြီးဘဲ။ သူပြောတာလဲဟုတ်တော့ဟုတ်သားဗျ။