ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label သုတ/ရသ. Show all posts
Showing posts with label သုတ/ရသ. Show all posts

Wednesday, December 19, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။

အပိုင်း (၃)
အောင်ထူး (ရှေ့နေ)



ဥပဒေစိုးမိုးရေးကို “ နိုင်ငံတော် ” ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှအဓိကချဉ်းကပ်ရန်ကို၎င်း၊ ပထမဆုံးအနေဖြင့် “ လယ်လုပ်သူ လယ်ပိုင်ခွင့်” အား အသိ
အမှတ်ပြုရန် ကို၎င်း၊ စာရေးသူ၏ ဆောင်းပါးအမှတ် (၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။ အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စသည်များ မှာ တဦးချင်းအခွင့်အရေးများဖြစ်သည်။ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။


Tuesday, December 18, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း


အပိုင်း (၂)

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၄) ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မူလ,က လုပ်ကိုင်လျှက်ရှိသောသတ္တုတွင်းဝန်ကြီးဌာန, နှင့်
အိုင်ဗင်ဟိုးကုမ္ပဏီတို့က, ဦးပိုင် နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသောပြဿ
နာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင်လူထုအကြားရှိ ပဋိပက္ခမဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီ တို့
က,တဘက် လက်ပံတောင်းတောင်လူထုက,တဘက် ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်သည်ဟူ၍ လမ်း
ကြောင်းလွှဲသည့် ထောက်ပြချက်တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။ အထက်ပါ လမ်းကြောင်းလွှဲသည့်ထောက်ပြချက်မှာ အတော်ပင်ပညာသားပါပါသည်။


Monday, December 17, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။

 အပိုင်း (၁)

အောင်ထူး (ရှေ့နေ)

လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲသည် အမှိုက်ကလေးတစကို ထပ်မံရှို့မိပြီး ထတောက်လာခြင်းသာ ဖြစ်သည်။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲ ကို စနစ်တကျ ငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက်ကလေးများ တပြည်လုံး တွင် အလိုလို ငြိမ်းသွားပါ မည်။ ဤသည်ကို ရှင်းပါမည်။


Wednesday, December 12, 2012

"အလောင်းပေါ်ကအင်္ကျီမှာ အိတ်ကပ်မပါလို့ပါ"











သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစု တစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ ခုနှစ်မှာ သူ့အသက် (၈ဝ) ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကလည်းဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့ပတ်ထားတဲ့ နာရီကလည်း မြေအာက်ဘူတာ တစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....


Wednesday, August 29, 2012

မြန်မာနိုင်ငံ Legal Aid Project

“ အများပြည်သူအတွက်သတင်းကောင်းမို့ အများသိစေရန်ဆင့်ပွားကူးယူတင်ပြပေးပါသည် 


 အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည် "

Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်။


Sunday, August 19, 2012

အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေး ဆိုသည်မှာ KNU ဆက်ဆံရေး ရုံးဖွင့်ပွဲက သက်သေပြ


















စတုတ္ထမြောက် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ မြ၀တီ ဆက်ဆံရေး ရုံးဖွင့်ပွဲကို အစိုးရ ၀န်ကြီးများ အပါဝင်၊လွှတ်တော် ကော်မီရှင်များနှင့် ပြည်နယ် အဆင့် သက်ဆိုင်ရာ အကြီးအကဲများကို အင်တိုက်အားတိုက် တက် ရောက်စေခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား သွေးခွဲပြီး ဆက်ဆံရာ ရောက်စေခဲ့သည်ဟု အခမ်းအနားကို တက်ရောက် ခဲ့သော KNU ခရိုင် အတွင်းရေးမှူး တဦးက ဆိုပါသည်။

Friday, August 17, 2012

တိုင်းပြည်နာမည်နှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ အမြင်

 မင်းသုတ

တလောက ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်စဉ် တိုင်းပြည် နာမည်ကို (Burma) ဟုပြောဆို သုံးနှုံးခဲ့ရာမှပြဿနာတရပ် သဖွယ်ဖြစ်လာခဲ့ခြင်းနှင့်ပတ်သက်၍ ဗမာ မဟုတ်သော တိုင်း ရင်းသား လူမျိုးများစွာ တို့၏ အမြင်နှင့် ခံစားချက်ကို တင်ပြလိုပါသည်။


Thursday, August 16, 2012

တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍















ကျွန်တော် တိုင်းရင်းသားကိစ္စတွေ တော်ရုံတန်ရုံ ပြောလေ့မရှိပါဘူး၊ အကဲဆတ်တဲ့ ကိစ္စ၊ ထိရှလွယ်တဲ့ ကိစ္စ၊ ကိုယ်အပြော မတတ်ရင် နားလည်မှု လွဲနိုင်တဲ့ ကိစ္စမို့ ပြောလေ့မရှိဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာမျိုး သိပ်မဖြစ်နိုင်တဲ့ အပြုသဘော ဆောင်မယ်ထင်တဲ့ အကြောင်းအရာ တစ်ခုကို အခု ပြောချင်ပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ကြားမှာ လူမျိုး နာမည် ခေါ်တဲ့ အခါမှာ မကြိုက်တဲ့ နာမည် မခေါ်မိစေဖို့ပါ။

Saturday, July 28, 2012

အစမကောင်းသော ရခိုင်နှင့် ရိုဟင်ဂျာ ပြဿနာ (၅)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ ကိုကိုယ်တင်ပြခဲ့ရာမှာ ကိုယ့်စိတ်ထဲ ဒီလောက်နဲ့မလုံလောက်သေးဘူးလို့ထင်မိတဲ့အတွက် ကိုယ့်ရဲ့မိတ်ဆွေတွေ ဖြစ်ကြတဲ့ မွတ်ဆလင်မိတ်ဆွေတွေနဲ့ ရခိုင်မိတ်ဆွေတွေနဲ့ပါ ဆက်လက်ပြီး ဆွေးနွေးမေးမြန်းပါတယ်။



အစမကောင်းသော ရခိုင်ရိုဟင်ဂျာ ပြဿနာ (၄)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

ပုဂံပြည်ကြီးမှာမွတ်ဆင်တွေကို မတွေ့နိုင်ကြသေးပေမဲ့ ရခိုင်ပြည်ဖက်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ရခိုင်မင်းဆက်အချို့ဟာ မွတ်ဆလင်ဘာသာထဲဝင်သူဝင်၊ မွတ်ဆလင်အမည်ခံယူသူခံယူတာကိုလဲတွေ့နိုင်ပြီပေါ့ကွယ်။ မြန်မာရာဇ၀င်မှာ အင်းဝနဲ့ ကုန်းဘောင်ခေတ်ကိုရောက်လာတဲ့အခါမှာတော့ အာမေးနီးယန်းနဲ့ မွတ်ဆလင်ဘာသာဝင်အချို့ဟာ ဘုရင့်အမှုတော်ကိုထမ်းပြီးစစ်တပ်နဲ့ အမြောက်တပ်တွေထဲမှာပါဝင်လာကြပါတယ်။


အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၃)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

နောက်တခုကိုးကားပြီးပြောရမှာက မိုက်ကယ်အောင်သွင် (တင်မီအောင်သွင်၊ မိုရင်းအောင်သွင်တို့ရဲ့သားချင်း) ရေးသားတဲ့ ပုဂံ (Pagan) စာအုပ်ပါပဲကွယ်။ ပညာရှင်တွေအားလုံးထဲမှာ မိုက်ကယ်အောင်သွင်ဟာ တရုတ်နဲ့ဂျပန်ဘာသာတို့ကိုပါကျွမ်းကျင်တဲ့ အရှေ့တောင်အာရှ့ရဲ့ကျွမ်းကျင်သူပညာရှင်တဦးလဲဖြစ်ပါတယ်။ ဒီစာအုပ်ကိုထိုင်းနိုင်ငံမှာ ရှိစဉ်ကတည်းက သြစတြေးလျသံရုံးရဲ့အတွင်းဝန် အယ်နာဘဲလ် အင်ဒါဆင် (နောက်ပိုင်းကမ္ဘောဒီးယားသံအမတ်) ကလက်ဆောင်ပေးတဲ့စာအုပ်ပါ။


Wednesday, July 25, 2012

အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၂)

မောင်စင်ကြယ်

တစ်

ခြေလျင်သွားရသောကုန်းလမ်းခရီးကုန်ဆုံးသောအခါလူသားတို့ဟာသင်္ဘောများ တည်ဆောက်၍ ရေလမ်းမှတဆင့်ခရီးဆက်ကြပြန်ပါတယ်။ ရေလမ်းခရီးမှာစပိန်ပါဝင်သောဥရောပတိုက်သားများဟာ အာရှ၊ အာဖရိက၊ ဥရောပသားများထက် ဦးနှောက်ကောင်းကြတော့ ပထမမှာကုန်သည်တွေ၊ သာသနာပြုတွေ၊ နောက်ပိုင်းမှာတော့ အာဖရိကသားများကို ကျွန်ကုန်ကူးပြီး နယ်မြေများကိုပါသိမ်းပိုက်ပါတော့တယ်။



Monday, July 23, 2012

အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၁)

မောင်စင်ကြယ်
(တစ်)

ကိုယ်တို့အသိုင်းအ၀ိုင်းမှာ website လုပ်တာကတော့ ကိုချစ်ကို ပါဘဲ။ ဒီနောက်တော့ စောမျိုးဆက် နဲ့ စောကျော်ကျော် ပေါ့ကွယ်။ အစကတည်းကဆောင်းပါးတွေရေးသားဖို့တောင်းဆိုခဲ့ကြပေမဲ့ မရေးသားနိုင်ခဲ့ပါဘူး။ ခုတခါတော့ ဆရာစောထက်ရဲ့မြေးလေးမွေးနေ့မှာ လူတွေစုံတော့ စောမျိုးဆက်ကလဲတောင်းပြီးရင်းတောင်းဆိုတော့ ကိုယ့်အနေနဲ့ ရေုးဖြစ်သွားတာပါ။


Thursday, May 17, 2012

နွားကျောင်းသားလေး ကျနော် “တာဘုခလီး”

ပဋိပက္ခတွေကြားက မတူညီတဲ့ ကလေးတွေရဲ့ ဘ၀တွေကို ဆောင်းပါးအဖြစ် ရေးသားတင်ဆက်ပေးခြင်း ဖြစ်ပါတယ်။
စောခါးစူးညား (ကေအိုင်စီ)

မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာဆို လူကြီးတွေနဲ့အတူ လယ်ထဲဝင်ကူနေရသလို၊ နွားကျောင်းနေရသူတွေ၊ မောင်ညီမအငယ်လေးတွေ ထိန်းပြီး အိမ်မှာချက်ပြုတ်နေရတဲ့ ကလေးတွေအထဲမှာ “တာဘုခလီး”ဆိုတဲ့ ကရင်ကလေးငယ်တစ်ဦးလည်း အပါအ၀င် ဖြစ်ပါတယ်။

ကျွဲ၊ နွားတွေစားဖို့ မြက်ရှားပါးတဲ့ နွေကာလမှာ နီညိုရောင် နွားထီးတစ်ရှဉ်း(နှစ်ကောင်)ကို ရှေ့က တစ်ကောင်မောင်းပြီး နောက်က တစ်ကောင်ကို ဆွဲလာနေတဲ့ ကလေးငယ်လေးကတော့ ဗမာလို “ကုသိုလ်မျိုးစေ့”လို့ အနက်အဓိပ္ပါယ်ရတဲ့ “တာဘုခလီး”ဆိုတဲ့ အမည်နဲ့ ကရင်ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်။ အသားလေးညိုညိုနဲ့ မျက်နှာမှာ သောကကင်းမှုဟာ ပူပြင်းတဲ့ နွေနေဒဏ်ကို အံတုနေပါတယ်။

ညီနောင်တိုင်းရင်းသားပါတီတည်ထောင်ဖို့ စည်းရုံးလှုပ်ရှား

ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

 
RFA

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား "Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသား အရေးအရာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှလုပ်မပေးနိုင်ဘူးပေါ့ဗျာ။ နောက်ရော NLD တို့၊ တစည တို့ဆိုတာကလည်း ကျွန်တော်တို့လောက် လုပ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အားလုံးအတွက် တိုင်းရင်းသားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ပါတီတွေကသာလျှင် ကျကျနနကိုင်တွယ်ပြီးမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်"

Monday, May 14, 2012

သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း

ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။


ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဧရာဝတီ)

၂၀၀၈ ခုနှစ် မေလတွင် နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဦးဆုံးအကြိမ်အဖြစ် သဘောတူခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ယခုအခါ တဝက်တပျက် ဖြစ်တော့မည်လော။
ရေနံတင်သဘောင်္များအတွက် ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ရေနံဓာတုပစ္စည်းစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများအပါအ၀င် အဆိုပါ လုပ်ငန်းစီမံချက်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရက အပြောင်းအလဲများ မလုပ်သည့်အချိန်အထိ တိုးတက်မှုတစုံတရာ မရှိခဲ့ပေ။ အပြောင်းအလဲများလုပ်ခဲ့သည့် နောက်ပိုင်းများတွင်သာ တတိယကြားခံ အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့များ ရလာနိုင်သော အလားအလာ မြင့်တက်လာခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး မူးယစ်ဆေးနှင့် မပတ်သက်ဟု ထိုင်းစစ်တပ် ပြော

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား မရှိကြောင်း ထိုင်းစစ်တပ် အမှတ် ၃ ဒေသမှ တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။

ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဒေသတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ လယ်သမားများ မြန်မာပြည်ဘက်သို့ ကူးနေစဉ် (ဓာတ်ပုံ - Bangkok Post)
အမှတ် ၃ ဒေသ စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Thardsak Ngam Sonong က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ထိုင်းစစ်တပ်ထဲမှာ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မရှိဘူး” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာအွန်လိုင်း သတင်း အင်တာနက် စာမျက်နှာတွင် မေလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
DKBA ထိန်ချုပ်ဒေသတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု မရှိဟု ယုံကြည်ကြောင်း၊ ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝရမ်းထုတ်ခြင်းမှာ ယခင်နှစ်များစွာက မူးယစ်ဆေးတိုက်ဖျက်ရေး အချက်အလက်များအပေါ် အခြေခံထားဟန်တူကြောင်း  ဗိုလ်မှူးကြီး Thardsak Ngam Sonong က ဆိုသည်။

Sunday, May 13, 2012

အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်

ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို
မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စကို အလေးထားဆွေးနွေး၍ ယင်းသို့ ဆုံးဖြတ်ခဲ့သည်။

ထိုးစစ်များ မရပ်ဆိုင်းပါက ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် ပါတီသုံးခုက အစိုးရနှင့် လက်ရှိ ရရှိထားသည့် သဘောတူညီမှု အဆင့်များကို ပြန်လည် စဉ်းစားကြမည်ဖြစ်ကြောင်း UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

Saturday, May 5, 2012

သမိုင်းထဲမှသမိုင်းအပိုင်းအစတချို့

ဗိုလ်ချုပ်နှုတ်ခမ်းမွေးကို ထိုင်းက မူးယစ်ရာဇာလို့ ဆုငွေထုတ်လိုက်တဲ့ သတင်းနဲ့ ဆက်စပ်ပြီး သထုံခရိုင် တပ်မဟာမှူး ဗိုလ်လင်းထင်ကို သတိရတယ် ဆိုတဲ့ ဆောင်းပါးနဲ့ ဗိုလ်လင်းထင် မဲဆောက်ကို ၀င်သိမ်းခဲ့တယ်ဆိုတဲ့ အကြောင်းတွေ ဆက်စပ်ရေးသား လာတာကို ဖူ့တာမိက် ဘလော့ကနေ ဖတ်ရပါတယ်။ အဲဒီကနေ တဆင့်  သူရေဝ့်ဖါန်ဘလော့မှာလည်း ဗိုလ်လင်းထင်ရဲ့ မဲဆောက်မြို့  သိမ်းတဲ့ အကြောင်းတွေ ရေးသားလာတဲ့အပြင် အဲဒီအချိန်က ဗိုလ်ချုပ်မြနဲ့ ဗိုလ်လင်းထင် ဆက်ဆံရေး အခြေအနေတွေကိုပါ ရေးသားလာတာကို ဖတ်ရပါတယ်။ 

ဗိုလ်လင်းထင်(အလယ်)နှင့် တပ်မှူးတချို့။ (ဓါတ်ပုံ-KIC)
ဒါ့အပြင် သောသီခို ဘလော့မှာလည်း ဗိုလ်လင်းထင် မဲဆောက်မြို့သိမ်းအပြီး အကြီးအကျယ် ဖြစ်ပေါ်လာတဲ့ ပြသနာတွေကို ဗိုလ်ချုပ်မြကနေ နောက်နောင် မဖြစ်အောင် ထိုင်းတွေကို တာဝန်ယူ ကတိပေးပြီး ပြသာနာတွေ ဖြေရှင်းခဲ့တယ် ဆိုတာကိုလည်း ဖတ်ခဲ့ရပါတယ်။ ဒီစာတွေကို ဖတ်အပြီး စာရေးသူလည်း သိထားသမျှ ဖတ်ထားခဲ့ သမျှတွေနဲ့ ကြားထားခဲ့ သမျှတွေကို ရေးသားလာစေဖို့ တွန်းအားကြီး တခုဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

Friday, May 4, 2012

စိုင်းနော်ခမ်း နှင့်တချိန်ကလုပ်ဖော်ကိုင်ဖက်



စိုင်းနော်ခမ်း
 
၁။ ထောက်လှမ်းရေးပြုတ် ဗိုလ်ချုပ်ခင်ညွှန့်သည် ၀လူမျိုးတသိန်းကျော်ကို ရှမ်း(မြောက်)မှ ရှမ်း(တောင်)သို့  ရွှေ့ပေးခဲ့ပြီး ၀သပတပ်ကိုပါ ထိုင်းနယ်စပ်သို့ အခြေချခွင့်ပြုခဲ့သည်။

၂။ ၀တပ်နှင့် ခွန်ဆာတပ်တို့ နယ်မြေလုတိုက်ပွဲ ၁၉၉၀နှစ်များတ၀ိုက်မှာ ဖြစ်ပေါ်ပြီးနောက်ပိုင်း ခွန်ဆာသည်   န၀တ ထံလက်နတ်ချခဲ့သည်။

၃။ ခွန်ဆာတပ်ဖွဲ့ ဝင်တယောက်ဖြစ်သည့် စိုင်းနော်ခမ်းလည်း လက်နတ်ချရာမှာပါခဲ့သည်။

၎။ န၀တမှ ၀သပ(ရှမ်းတောင်ပိုင်း) ဌာနချုပ်ကို မိုင်းယောင်းမှာ အခြေပြုခွင့်ပေးသလို၊ခွန်ဆာလူများကိုလည်း ဟိုမိန်းမှာ အခြေပြုခွင့်ပေးခဲ့သည်။

၅။ စိုင်းနော်ခမ်းသည် ဟိုမိန်း-တာချီလိတ်-ကျိုင်းတုံကိုအခြေခံခဲ့သည်။ တြိဂံဒေသတိုင်းမှာ ဗိုလ်သိန်းစိန် တိုင်းမှူးဖြစ်ချိန်မှာ စိုင်းနော်ခမ်းကို ပြည်သူ့  စစ်လည်းမဟုတ်၊ကာကွယ်ရေးတပ်လည်းမဟုတ်ပဲ အင်အားစုလက်နက်ကိုင်ခွင့်ပေးထားသည်။