ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label တိုက်ပွဲဝင်ဆောင်းပါးများ. Show all posts
Showing posts with label တိုက်ပွဲဝင်ဆောင်းပါးများ. Show all posts

Monday, October 27, 2014

မငြိမ်းချမ်းရေး၏ အရသာ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတာကြီးကို ဗမာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး နေကြတာ အခုဆို စတုတ္ထမူကြမ်းအဆင့်ကို ရောက်လာပါပြီ။ ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ၃၇ ခု လက်မှတ်ထိုးပြီးထားပြီး ကုန်ကျစရိတ်အနေနဲ့ ကျပ်သန်း ၃၅၀ ကျော် အပြင် နိုင်ငံတကာ (ဂျပန်၊ ကုလ၊ နော်ဝေ နဲ့ ဥရောပ) က ဒေါ်လာ ၁၁ သန်းကိုပါ ဖြုန်းထားပြီးဖြစ်တယ်။ ဒါပေမဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲဟာ ရှေ့ဆက်မတိုးနိုင်တော့ဘူး ဖြစ်နေပါပြီ။ ဘာကြောင့်လဲ။
 

Saturday, October 25, 2014

တပ်မတော်မူ(၆)ချက်ဆိုတာ ဘာလဲ

U Ravika

၂၀၁၃ ခုမှာ မင်းအောင်လှိုင်က တပ်မတော်မူ(၆)ချက်ဆိုပြီး ပြောလာပါတယ်။ တပ်မတော်မူ (၆)ချက်ဟာ တိုင်းရင်းသားတို့အတွက် အထူးအဆန်းမဟုတ်ပါ။ ဖြတ်ေ...လးဖြတ်ကနေ မြစ်ဖျားခံလာတဲ့ ဖိနှိပ်ရေးမူများသာ ဖြစ်ကြောင်း သိသင့်တယ်။ စိတ်ပါဝင်စားသူများ လေ့လာထားသင့်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက ၁၉၆၂ - ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ချေမှုန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီတုန်းက အင်အားအကြီးဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ပါပဲ။ ဒါပေမဲ့ ဒီနှစ်ဖွဲ့ကိုပဲ ချေမှုန်းချင်ခဲ့တာ မဟုတ်ပါဘူး။ အခြားအဖွဲ့တွေကိုလည်း နည်းတူ ချေမှုန်းရေးနည်းဗျူဟာများ ချမှတ်ခဲ့ပါတယ်။

Tuesday, October 21, 2014

ကြံ့ပြေးကိုကျုပ်စိန်ခေါ်သည်


မာနယ်ပလော - စောစော

စိန်ခေါ်ချက် - အမှတ်စဉ် (၁)

နောက်ခံသမိုင်း

ခါနွေနှောင်းဟောင်းရွက်ကယ်ကြွေလွင့်ချိန်ခါမို့ မနက်ခင်းနေရောင်ခြည်အောက်မှ သောင်ရင်းမြစ်ရေသည် ကြည်လင်ကာပြာလဲ့လဲ့ရှိနေ၏။ စက်လှေမောင်းဆရာနှင့်ကျွန်တော်နှစ်ဥိးတည်းသာ စီးနင်းလိုက်ပါ လာသော လှေသည် မနှေးမမြန်ပုံမှန်မောင်းနှင်လာပြန်သဖြင့် သောင်းရင်းမြစ်နွေနှောင်းကာလ သဘာဝ အလှကို ခရီးလမ်းတလျှောက်လုံးမြင်လာခဲ့ရပြန်သဖြင့် ဦးနှောက်အာရုံထဲမှ တာဝန်နှင့်ဝန်ထုပ်ဝန်ပိုးတချို့ အလိုလို လွင့်စင်ပေါ့ပါးသွားလေသယောင်။

ဒီနေ့သည် (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကြီးစတင်မည်ဖြစ် သည်။  ကရင့်လက်နက်ကိုင်တော်လှန်ရေးနယ်မြေမို့ ခရိုင်(၇)ခုနှင့် တပ်မဟာ (၇)ခုမှကိုယ်စားလှယ် တော်များ၊ ပြည်တွင်းပြည်ပ နယ်စပ်အနှံ့မှ ကရင့်အဖွဲ့အစည်းများမှကရင့်ကိုယ်စားလှယ်များ ပြန်လည် ဆုံဆည်းကြမည်ဖြစ်၍ ကြည်နူးပီတိဖြစ်ရပြန်ပါသည်။

KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး


(အပိုင်း-၁)

ဖူးတာမူးရေးသည်

စာရေးသူသည် စာရေးခဲလှသည်။ ယခုအခါ KNU နှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု များဖြစ်ပေါ်လာကာ မျိုးချစ်ကရင်လူထုတွင်သာမက အခြားညီအကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အတွင်း ဂယက်ရိုက်မှု ဖြစ်လာရသည့်အပေါ် တိတ်ဆိတ်ငြိမ်သက်၍ မနေနိုင်တော့သည့်အတွက် တာဝန်သိ မျိုး ချစ်တော်လှန်ရေးသမားတဦးအနေနဲ့ ယခုဆောင်းပါးကို စတင်ရေးသားခြင်းသာဖြစ်ကြောင်း အစီရင်ခံအပ်ပါ သည်။ ဤသို့ရေးရာတွင် မည်သည့်ကလောင်နာမည်ကို ရွေးရန် စဉ်းစားရာတွင် မိမိဆောင်းပါးသည် ကရင့် တော်လှန်ရေးနှင့် ကရင့်တမျိုးသားလုံးကို သေတွင်းသို့မပို့မူဘဲ အမျိုးသားရေးအရ၊ နိုင်ငံရေးအရ ကရင့်အနာဂါတ်ဆက်လက်ရှင်သန်၍ ကမ္ဘာဆုံးတိုင် ကရင်လူမျိုးအဖြစ် အများနည်းတူ တန်းတူအခွင့်အရေးနှင့် ရှင်သန် ရပ်တည်ရေးကို မျှော်မှန်း၍ “ဖူးတာမူး” ဟူသော ကလောင်နာမည်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။

အခန်း (၁)

ကရင့်တော်လှန်ရေးဝိသေသလက္ခဏာများ

ကရင့်တော်လှန်ရေးသမားတဦးသည် ကရင့်တော်လှန်ရေး၏၀ိသေသလက္ခဏာများကို အသေအချာသိမြင်ရန်၊ လက်ခံရန်၊ ကျင့်သုံးရန် လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးသည် တရားသောတော်လှန်ရေးဖြစ်သည်။ အဘယ်ကြောင့်မူ ကရင့်တော်လှန်ရေးမစမှီ ၁၁/၀၂/၄၈ နေ့တွင် မြန်မာတပြည်လုံး ကရင်လူမျိုး (၄)သိန်းကျော် ဆန္ဒပြပွဲ၏ ကြွေး ကြော်သံကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

Saturday, September 1, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲစိန်ခေါ်ချက် နှင့် ကရင်ဗမာစစ်ပွဲအဆုံးသတ်ရေး


 တက္ကသိုလ် တောင်တန်းလုလင်


“ခြင်္သေ့ဆိုသည်ကား ဘယ်သောအခါမှမြက်ကိုသူမစား”
  • ကရင်ဗမာစစ်ပွဲဘဲခေါ်ခေါ်
  •  အမျိုးသားခုခံကာကွယ်ရေးစစ်ဘဲခေါ်ခေါ် 
  •   တိုင်းရင်းသားတော်လှန်ရေးစစ်ပွဲဘဲခေါ်ခေါ်
  •   မြန်မာနိုင်ငံပြည်တွင်းစစ်ကြီးလို့ဘဲခေါ်ခေါ်
အဓိပ္ပါယ်ကတော့အားလုံးအတူတူ၊ တခုတည်းပင်ဖြစ်သည်။ ၆၃နှစ်ပင်ကျော်လွန်လာပြီဖြစ်သော ဤကရင်ဗမာစစ်ပွဲကြီး၏နောက်ကွယ်တွင်ကြီးမားနက်ရှိုင်းသောအခြေခံ အကြောင်းချက်ကြီးများရှိနေမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံမှ တမီလ်ကျား သင်ခန်းစာ


“ ဆောင်းပါးအသစ်တပုဒ်မဟုတ်သော်လည်း လက်ရှိစစ်အစိုးရကို အယုံလွန်၊ အညှာလွယ်လွန်နေသောခေါင်းဆောင်တချို့ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လက်ရှိတပ်တည်နေရာကိစ္စ၊ စစ်ရေးကိစ္စဆွေးနွေးပါက ဆွေးနွေးပွဲကိုအဟန့်အတားဖြစ်စေမည် ပြောရန်စောသေးသည်ဟု ယူဆသောခေါင်းဆောင်တချို့ အဖန်တရာဖတ်နိုင်ရန်အတွက်ပြန်လည်ဖော်ပြပေးပါသည်”


  

 မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ် ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။

Sunday, August 12, 2012

သူတို့တတွေ လည်စင်းခံကြလေပြီ


တမန်တော် ရွှေဥသြ















ခုတလော KNU နှင့် ကြပ်ပြေးသိန်းစိန်အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တပိုင်းတစဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် ပြည်တွင်းပြည်ပ နယ်စအနှံ့ဝေဖန်သံနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ထိုဆွေးနွေးပွဲ၏ နောက်ဆုံးရက်မှ ထွက်ပေါ်လာတဲ့ အကြောင်းရပ်တခုကို ကရင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည်ဟုယူဆသဖြင့် တင်ပြလိုက်ရပါသည်။

Sunday, May 13, 2012

ကိုယ်စီလျှောက်သောလမ်း


ရဲရဲတွေး













“နိုင်ငံရေးဟူသည် ညှာတာမှုကင်းမဲ့သောယှဉ်ပြိုင်ပွဲတခုဖြစ်သည်” 

ဟုသြစတြေလျနိုင်ငံ၏အအောင်မြင် ဆုံးသောဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဂျွန်န်ဟားဝါ့ဒ် ကဆိုမိန့်ခဲ့ဖူးသလို

 “ဒီမိုကရေစီဆိုသည်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသော စနစ်တခုဖြစ်သော်ငြားလည်း အခြားသောနိုင်ငံရေးစနစ် အားလုံးထက် တော့ကောင်းပါသည်” 

ဟုအောင်မြင်ကျော်ကြားခဲ့သောဗြိတိသျှဝန်ကြီးချုပ်ဝင်စတန်ချာချီလ် ကဆိုမိန့်ခဲ့ဖူးပါသည်။

မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးလမ်းစကို ရောက်နေပြီ၊ ပြောင်းလဲနေပြီ ဟူသောမှတ်ချက်များ၊ အသိအမှတ်ပြုမှုများနှင့်အတူ ပြောင်းလဲနေသော မြန်မာနိုင်ငံရေးနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ပြောင်းလဲဆက်ဆံလာသော သဘောထားပေါ်လစီများသည် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။