ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label အမှောင်ညကိုဖြတ်သန်းခြင်း. Show all posts
Showing posts with label အမှောင်ညကိုဖြတ်သန်းခြင်း. Show all posts

Friday, June 1, 2012

လေနီကြမ်း

တီးနိုး (သဝေါတား)












၁၉၉၁ ခုနှစ် တခုသောနွေဦးကာလ…။
တရိပ်ရိပ်တိုးမြင့်လာတဲ့ကုန်ဈေးနှုန်းကြောင့် မိသားစုစားဝတ်နေရေးပြေလည်ဘို့အတွက် မြိတ်မြို့ကိုအလုပ်လုပ်ဘို့ ကျနော်ထွက်ခဲ့ရတယ်။ လွမ်းမောဖွယ်ရာအဲသည်နေ့ကအဖြစ်အပျက်တွေကို ကျနော်ယနေ့အထိသတိရမြင်ယောင်နေဆဲပါ။


Friday, May 11, 2012

အဆိပ်သင့်နှလုံးသားများ

ရဲရဲတွေး

စစ်အစိုးရ၏ ကျူးကျော်စစ်ကြောင့် ဘေးဒုက္ခအပေါင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရသော ညီနောင်ကချင် တိုင်းရင်းသားတို့ဘ၀အားစာနာလျက် ဤဆောင်းပါးကိုရေးသားဖော်ပြပါသည်။

 ဖြတ်လေးဖြတ်

၁။ အဆက်အသွယ်ဖြတ်မည်၊
၂။ အထောက်အပံ့ဖြတ်မည်၊
၃။ ရိက္ခာဖြတ်မည်၊
၎။ သတ်ဖြတ်မည်။ 


၁၉၇၄ ခုနှစ် မဆလ စစ်အစိုးရလက်ထက် သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံနှင့် အတူ ဖြတ်လေးဖြတ် ဆိုင်းပုဒ်များကို မြန်မာပြည်မြို့ရွာအနှံ့စိုက်ထူထားနေချိန်ဖြစ်ပါသည်။ ဖြတ်လေးဖြတ် စနစ်သည် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်အခွင့်အရေးအတွက်တိုက်ပွဲဝင် တောင်းဆိုခြင်းအား ဥပဒေကြောင်း၊ နိုင်ငံရေးကြောင်းအရ ဖြေရှင်းရန် ငြင်းပယ်ပြီး အင်အားသုံးအပြုတ်တိုက်ရေးနှင့် ဘက်ပေါင်းစုံမှ နှိပ်ကွပ်ချေမှုန်းရေးပင်ဖြစ်ပါသည်။
ဖြတ်လေးဖြတ်စနစ်ကြောင့် အလယ်ရိုးမနှင့် အရှေ့ရိုးမမှ များစွာသောကရင်ပြည်သူလူထုများ ကျေးရွာပျက်၊ အသိုက်အမြုံပျက်၊ ဘ၀ပျက်ခဲ့ရပါသည်။ ရွာမီးရှို့ခံရခြင်း၊ အဓ္ဓမပြောင်းရွှေ့ခံရခြင်း၊ ဆန်စပါးရိက္ခာသိမ်းဆည်း၊ ဖျက်ဆီးခံရခြင်း၊ အပြစ်မဲ့ရွာသားများ အကြောင်းမဲ့သတ်ဖြတ်ခံရခြင်း အစစသောသတင်းဆိုးများ နေ့စဉ်နှင့်အမျှကြားနေရသာအချိန် ကိုယ့်ရွာ၊ ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲဟု စိုးတထိတ်ထိတ်နှင့် ကြောက်ရွံ့နေရသောကာလဖြစ်ပါသည်။

Tuesday, May 1, 2012

အမုန်းရဲ့မြစ်ဖျား

ရဲရဲတွေး





“ဗမာတွေကိုမုန်းတယ်၊ ကျွန်တော်ဗမာစစ်သားတွေအားလုံးကိုသတ်ချင်တယ်”

အသက် ၁၄ နှစ်အရွယ်လူငယ်လေးတယောက် နာနာကျည်းကျည်း ပြောလိုက်တဲ့စကားမို့ ရုတ်တရက်အံ့အားသင့်မှင်သက်မိသွားပါတယ်။  လူတဦး၊ မိသားစုတခု၊ လူမျိုးတမျိုးကိုမုန်းတီးခြင်းသည် မလိုလားအပ်ရာ၊ ၀မ်းနည်းဖွယ်ရာဖြစ်ပါသည်။ တကယ်တော့အမုန်းဟူသည် အမုန်းခံရသူနှင့် မုန်းသူနှစ်ဦးနှစ်ဖက်လုံးအတွက် ပူလောင်ဆုံးရှုံးမှုမှတပါး ဘာကိုမှမပေးနိုင်ပါ။

ငယ်ရွယ်နုနယ်သော ဤကလေးငယ်၏ရင်ထဲတွင် အမုန်းတရားများ အဘယ်ကြောင့် ဤမျှတောက်လောင်နေသနည်း။ နာကျည်းမှု၊ ၀မ်းနည်းကြေကွဲမှုတို့ရောယှက်နေသော သူ့မျက်ဝန်းမှ စီးကျလာသောမျက်ရည်မြစ် ကိုဆန်၍ သူ့ဘ၀၊ သူ့အတိတ်ဆ်ီသွားမိလေတော့ အမုန်းတရားတို့မြစ်ဖျားခံရာ သူ့ငယ်ဘ၀ကား မယုံနိုင်အောင် နာကျင်ကြေကွဲဖွယ်အတိ ရှိနေတော့သည်။