ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။
Showing posts with label အပျင်းပြေ. Show all posts
Showing posts with label အပျင်းပြေ. Show all posts

Thursday, May 3, 2012

ဓာတ်မီးခြစ်

တခါက ကရင်ရွာလေးတရွာမှ စောခလိုဆိုသူ မြို့တက်ပြီးဈေးဝယ်သွားရာ အိမ်နီးချင်း အဒေါ်ကြီးမှ ပစ္စည်း တခု ၀ယ်လာပေးရန် အမှာပါးလိုက်လေသည်။

မြို့ရောက်ပြီးဈေးဝယ်စဉ် အဒေါ်ကြီးမှာလိုက်သော ပစ္စည်းအမည်အားမေ့နေသဖြင့် ဆိုင်ရှင်အားမေးရန် အခက်တွေ့ပြီး ဆိုင်ထဲလှည့်ပတ်ကြည့်ပြီးရှာနေလေသည်။

ဆိုင်ရှင်အဒေါ်ကြီးမှာ မိမိဆိုင်ထဲဟိုဖက်ဒီဖက် ဟိုကြားဒီကြားလျှောက်ပတ်ကြည့်နေသော စောခလိုအားကြည့်၍ မသင်္ကာဖြစ်လာပြီး “ဟေ့ကောင်လေးဘာလိုက်ရှာနေတာလဲ” ဟုမေးရာ စောခလိုက “ဟိုပစ္စည်းလေ. ဟို. မေ့နေလို့” ဟု ပြန်ပြောရင်း ဆိုင်ထဲတွင် ဟိုမွှေသည်မွှေ၊ ဟိုပတ်ဒီပတ်ရှာနေလေသည်။

ဆိုင်ရှင်အဒေါ်ကြီးကလည်း အူကြောင်ကြောင်ပုံစံနှင့်သူ့အား စိတ်မရှည်၊ အမြင်ကပ်လာသဖြင့် ထမိန်လှန်၍ “မေ့နေရင်လည်း  ဒီမှာကြည” ဟု ရွဲ့ပြောလိုက်ရာ စောခလိုကစိတ်မဆိုးနိုင်ဘဲ ဆိုင်ရှင်အဒေါ်ကြီးအားဝမ်းသာ အားရပြန်ပြောလိုက်ပုံက “ဪ သတိရပြီ ဓာတ်မီးခြစ်” တဲ့။

Thursday, April 26, 2012

သြော်..

စောခလို။  တို့က တိရိစ္ဆာန်တွေနဲ့နေ့တိုင်းအလုပ်လုပ်နေတာ။

တရွာသူ။  ဟုတ်လား၊ ဒါဆိုတိရိစ္ဆာန်တွေကိုအရမ်းချစ်တာဘဲလားဟင်။

စောခလို။  တို့က သားသတ်သမား (Butcher) ပါ။

တရွာသူ။   အို...

Saturday, April 21, 2012

လေခိုလို့

တခါကတောရွာတရွာတွင် အသက် ၄၀ ကျော်မှအိမ်ထောင်ကျသော စောခလိုမှာ ကလေးအလွန်လိုချင်လျက်ရှိရာ ၄င်း၏ဇနီးသည်ကိုယ်ဝန်ရှိသောအခါ လွန်စွာဂရုစိုက်လေသည်။

တနေ့တွင် ဇနီးသည် နေထိုင်မကောင်းသဖြင့် မြို့တက်ပြီးဆရာဝန်နှင့်ပြရာ အသေအချာစစ်ဆေးပြီးနောက် ဆရာဝန်က၄င်း၏ဇနီးမှာကိုယ်ဝန်မရှိကြောင်းပြောသဖြင့် စောခလိုမှာ မယုံနိုင်အောင်ဖြစ်ရလေသည်။

“ဒါဖြင့်ရင် ကျွန်တော့်ဇနီးကဘာကြောင့်ဗိုက်ပူနေတာလဲ” ဟုစောဒကတက်ရာ ဆရာဝန်က “လေခိုနေတာပါ” ဟု နောက်လိုက်သည်။

ဤတွင်စိတ်ပျက်ပျက်နှင့် စောခလိုပြန်ပြောလိုက်တာက "ကျုပ်မိန်းမဗိုက်ထဲလေခိုရအောင် ဆရာကကျုပ်ကို လေထိုးတံထင်နေသလား” တဲ့။

Tuesday, March 27, 2012

မယုံလို့

တခါကကရင်ကျေးရွာလေးတရွာတွင် အလွန်အကြွားသန်သော စောခလို ဆိုသူရှိလေသည်။ ထို့ကြောင့်၎င်းပြောသမျှအား တရွာလုံးကမယုံဘဲ ဘေးမဲ့ပေးထားသည်။

တညတွင်လေပြင်းကျပြီးမိုးရွာသဖြင့် မနက်စောစောဝယ် တရွာလုံးကအိပ်မောကျနေသည်။
စောခလိုမှာစောစောနိုး၍ ရွာပြင်ထွက်ပြီးလမ်းလျှောက်ရာ ရွာစပ်နား ရေတွင်းပျက်ထဲ၌ ကျားပေါက်စလေးတကောင် ကျနေသည်ကိုတွေ့သဖြင့် လှမ်းပြောသော်လည်း မည်သူမျှမယုံသဖြင့် တယောက်မှသွားမကြည့်ကြချေ။

 စောခလိုမှာ မည်သူမှမလာမချင်း ဆက်ကာအော်ပြောလေသည်။

အတန်အကြာတွင် ခရီးသွားတယောက်က အော်သံကြားသဖြင့် သွားကြည့်ရာ ကျားပေါက်စလေးအားတွေ့သဖြင့် ဟုတ်မှန်ကြောင်း ၀ိုင်းအော်ပြောရာ စောခလိုကိုမယုံသော်လည်း ခရီးသွားကပါပြောသဖြင့် လာကြည့်ကြသည်။

ကျားပေါက်စလေးအားတွေ့သော် ရွာသားများက အံ့သြနေခိုက် စောခလိုပြန်ပြောလိုက်သော စကားကြောင့် ရွာသားများမှာမဲ့ရမလို၊ ပြုံးရမလို ဖြစ်သွားလေသည်။

စောခလိုက “ခင်ဗျားတို့က ကျုပ်ပြောရင်မယုံကြဘူး၊ ကျုပ်စပြောတုံးကသာ လာကြည့်ရင် ကျားကနှစ်ကောင်တောင်ရှိတယ်” ဟူသတဲ့။