ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Thursday, June 14, 2012

မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား(၁)

 

ရခိုင်လူထုကဓါးတောင်လူတန်းစေ့မကိုင်နိုင်ဘဲ ၀ါးချွန်တွေကိုင်ပြီး ကိုယ့်တိုင်းပြည်ကာကွယ်ရေး ၊ ကိုယ့်အသက်ကိုယ် ကာကွယ်ရေးလုပ်နေစဉ်မှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက..

 

 

 

အဆိပ်အတောက်မီဒီယာ


ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမှန်ကိုအမှန်အတိုင်းမဖော်ပြဘဲ စကားလုံးတွေကို လိမ်မာပါးနပ်စွာသုံးရင်း ဘာသာရေး အဓိကရုဏ်းဖြစ်အောင်တွန်းပို့ နေတဲ့ တိုင်းပြည်သစ္စာဖောက်မီဒီယာတွေရဲ့ လုပ်ရပ်တွေဟာရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်အုပ်စုတွေလိုပါဘဲ မြန်မာနိုင်ငံအတွက် သိပ်အန္တရာယ်ကြီးမားပါတယ် ။ ရခိုင်ပြည်ကိုအခြေခံပြီး မြန်မာတနိုင်ငံလုံး တညီတညွတ်တည်း ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်တဲ့ ဖြစ်လိုတဲ့ဆန္ဒဟာရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အလိုချင်ဆုံး အလိုအပ်ဆုံး အခင်းအကျင်းဖြစ်တယ် ။


အဲဒီအခင်းအကျင်းကိုဖန်တီးဖို့  ပြည်တွင်းထဲမှာရော ပြည်ပမှာပါ မီဒီယာတွေကိုအသုံးချရမှာဖြစ်တယ်ဆိုတာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကကောင်းကောင်းနားလည်တယ်။ ဒါကြောင့် မြန်မာလိုလွှင့်တဲ့ ပြည်ပမီဒီယာတွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ လက်နက်တစ်ခုဖြစ်တာကြောင့် ငွေတွေကို ဒလဟော ပုံအောပေးခဲ့တယ် ။ တိုင်းပြည်သစ္စာဖောက်လောက်အောင်အထိ ငွေတွေကိုပုံအောစေခဲ့တယ်။
 ဒီတော့ ပြည်ပမီဒီယာအချို့ ဟာရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေလိုပါဘဲ တိုင်းပြည်ရဲ့အန္တရာယ်ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြဖို့ လိုအပ်လာတယ် ။ ဒီအတွေးတွေကို ပြည်တွင်းထဲကတိုင်းပြည်ကိုရိုးသားစွာချစ်တဲ့လူထုတွေ ကောင်းကောင်းကြီးနားလည်တယ်ဆိုတာ သူတို့ ဆန္ဒပြပွဲတွေက သက်သေထူနေတယ် ။ တကယ်တော့ သစ္စာဖောက်မီဒီယာတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်တွေဖြစ်တယ်ဆိုတာပြောချင်တယ် ။


ဘာသာရေးအဓိကရုဏ်းနှင့် တိုင်းပြည်ဖဲ့ထုတ်ရေး


ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ ပန်းတိုင်ဟာ မြန်မာနိုင်ငံကိုဖဲ့ထုတ်ရေးဖြစ်တယ်။ ဖဲ့ထုတ်လို့ ရရင် သီးခြားနိုင်ငံဖြစ်ချင်ဖြစ်မယ် သို့ မဟုတ် အခြားမူဆလင်နိုင်ငံတစ်ခုနဲ့ ပူးပေါင်းချင်ပူးပေါင်းလိမ့်မယ် ။ အဓိကပန်းတိုင်ကတော့ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ် ။ အဲဒီလိုဖဲ့ထုတ်ရေးကြိုးပမ်းမှုတွေအောင်မြင်ရေးအတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတခုဖြစ်တယ် ။ ဘာကြောင့် ဘာသာရေးအဓိကရုဏ်းလိုအပ်သလဲဆိုတော့ မူဆလင်နိုင်ငံတွေဆီက ဘာသာရေးအပေါ်မှာ ရပ်တည်မှုပေးလာမှာကို ကြိုတင်သိထားလို့ ဖြစ်တယ် ။ တနည်းအားဖြင့် မွတ်ဆလင်နိုင်ငံအချို့နဲ့ သဘောတူညီချက်တွေ လည်းရှိတယ်လို့ ပြောနိုင်တာတွေရှိတယ်။ တစ်ဘက်မှာလည်း အယ်လ်ကိုင်ဒါလိုအကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်နွှယ်ရာမှာ ဘာသာရေးဖိနှိပ်ခံရတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချဉ်းကပ်ထားမှုတွေဟာ လက်တွေ့ ပြလို့  ရမှာဖြစ်တယ်။

အထူးသဖြင့်ကတော့ ဦးရာဇတ်တည်ဆောက်ခဲ့တဲ့ မြန်မာမွတ်ဆလင်တွေ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုတံတိုင်းကြီးကို ဖြိုလှဲပစ်ချင်တယ်။ အဲဒီတံတိုင်းကြီးကို ဖြိုလဲပစ်ရေးရဲ့ အဓိကသော့ချက်ဟာ ဘာသာရေးအဓိကရုဏ်းဖြစ်တယ် ။ ဒါကြောင့် ရခိုင်ပြည်ကအဖြစ်အပျက်ကို ရန်ကုန်ဆန္ဒပြပွဲတွေအထိ ချိတ်ဆက်နိုင်ခဲ့တယ် ။ ဒါပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ လိုချင်တဲ့ အခင်းအကျင်းကိုမရခဲ့ပါဘူး ။ ဦးရာဇတ်ရဲ့မျိုးဆက်ဖြစ်တဲ့ ကိုမြအေးက ပြင်းပြင်းထန်ထန် ခါးခါးသီးသီးငြင်းဆန်မှုဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရှိုက်ကိုအထိုးခံလိုက်ရတာဖြစ်တယ် ။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုချင်တဲ့ ဘာသာရေး အဓိကရုဏ်း အခင်းအကျင်းထဲကို မလျှောက်လှမ်းခဲ့တဲ့ တိုင်းချစ်ပြည်ချစ် မြန်မာမွတ်ဆလင်တွေကိုလည်းကျေးဇူးတင် ရမှာဖြစ်တယ်။ ဒါပေမယ့်လို့  ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ ပြင်ဆင်ထားတဲ့ ဗျူဟာကိုတော့ ဆက်လက်ဆင်နွှဲခဲ့တယ် ။ ရခိုင်ပြည်မှာအကြမ်းဖက်သောင်းကျန်းမှုတွေနဲ့  ရခိုင်လူထုကို စတင်မြူဆွယ်ရေးဖြစ်တယ် ။ အဲဒီကတဆင့် စစ်တပ်ဝင်ရောက်လာပြီး မီးကုန်ယမ်းကုန် ပစ်ခတ်နိုင်နင်းရေးကို လိုချင်ခဲ့ပြန်တယ်။ အဲဒီလိုဖြစ်ခဲ့ရင် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးကို တွန်းအားပေးနိုင်မှာဖြစ်ပြီးအကြမ်းဖက် အယ်လ်ကိုင်ဒါအဖွဲ့ တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့နယ်မြေအချို့ ကိုဖဲ့ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပုံရပါတယ် ။ ဒါပေမယ့် အစိုးရရဲ့ ကိုင်တွယ်ပုံဟာသူတို့ ထင်ထားသလိုဖြစ်မလာတဲ့အခါ ပြည်တွင်းထဲထိသယ်ဆောင်ထားတဲ့လက်နက်တွေ လောင်ချာတွေအထိ ထုတ်သုံးလာခဲ့တယ် ။ ကိုယ့်အိမ်ကိုမီးရှို့ ရေးမှသည် ရခိုင်တပြည်လုံးမီးလောင်ရေး အစီအစဉ်တွေကိုတဆင့်တိုး တိုက်ပွဲဝင်လာခဲ့တယ်။ ရှေးတိုးရခက် နောက်ဆုတ်ရခက်အနေအထားဖြစ်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီရဲ့နောက်ကွယ်ကဘာတွေဆက်ထွက်လာမလဲဘာတွေဆက်လုပ်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်သလိုသူတို့ နောက်ကွယ်ကမမြင်နိုင်တဲ့အရာတွေကို မြင်အောင်ကြည့်ရေး ၊ ဖော်ထုတ်ရေးဟာလည်းတိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့အရာဖြစ်တယ်။


ရိုဟင်ဂျာနှင့်ပြည်ပမီဒီယာအချို့ရိုဟင်ဂျာစကားလုံးသုံးစွဲခြင်းကို အချို့ရခိုင်အမျိုးသားများက မကြိုက်ပေမယ့် မီဒီယာအချို့ကတော့ မြိန်မြိန်ကြီးသုံးကြပါတယ် ။ ကျနော်ကတော့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးစွဲပါတယ် ။ လွန်ခဲ့နှစ်ကရေးတဲ့ ဆောင်းပါး(ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့ သော် တံခါးလာခေါက်ပြီ)မှာစတင် သုံးစွဲခဲ့တယ် ။ ကြိုက်တဲ့လူတွေ ကျနော်သုံးသလို လိုက်သုံးနိုင်သလို မသုံးဘဲလဲနေနိုင်ပါတယ်။ ဆိုလိုတာကတော့ ရိုဟင်ဂျာဟုနာမည်သစ်ပြောင်းထားသောဘင်္ဂလီလို့ ပြောလိုတာဖြစ်တယ်။ ဆိုတော့ ကျနော့်အမြင်အရ ရိုဟင်ဂျာလို့ မသုံးတောင်မှ ရိုဟင်ဂျာပါအောင်သုံးစွဲရမယ့်အနေအထားမှာရှိနေပါတယ် ။ ဘင်္ဂလီရိုဟင်ဂျာလို့ သုံးသုံး သို့ မဟုတ် ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးသုံး သို့ မဟုတ် အခြားတမျိုးကိုဘဲသုံးသုံး ရိုဟင်ဂျာပါအောင်သုံးစွဲရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိရခိုင်ပြည်မှာအကြမ်းဖက် နေခြင်းကြောင့်ဖြစ်သလို ပြည်တွင်းမှာရော ပြည်ပမှာပါရှိတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအချို့ဟာ အယ်လ်ကိုင်ဒါးအကြမ်းဖက်အဖွဲ့ တွေနဲ့ ဆက်စပ်နေလို့ ဖြစ်တယ် ။ နောက်တချက်ကရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့  တိုင်းပြည်အပေါ်မှာသစ္စာစောင့်သိတဲ့ မြန်မာမွတ်ဆလင်တွေကို မရောနှောရအောင် စည်းခြားထားရမှာဖြစ်တယ်။


တဆက်တည်းပြောချင်တာကတော့ မြန်မာမွတ်ဆလင်တွေအနေနဲ့  ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ လိုချင်တဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးမှသည် တိုင်းပြည်ဖဲ့ထုတ်ရေးကိုဆန့်ကျင်ဖို့ ပြောချင်ပါတယ်။ ဦးရာဇတ်ခင်းပေးခဲ့တဲ့ လမ်းကြောင်းအပေါ်မှာဘဲ မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ အတူရပ်တည်ပေးဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဆိုတော့ ကျနော်ပြောလိုတာကို ဆက်ရရင် ပြည်ပမီဒီယအချို့ရဲ့ လိမ္မာပါးနပ်စွာသုံးတဲ့အသုံးအနှုန်းကို ပြောရပါလိမ့်မယ် ။ ဒီအသုံးအနှုန်းတွေဟာရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုချင်သလို လိုက်သုံးပေးရတဲ့ပုံစံဖြစ်တယ်လို့ ပြောချင်တယ် ။ အဲဒီအသုံးအနှုန်းဟာရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက်စေပါတယ် ။ ကျနော်ပြောလိုတဲ့ မီဒီယာတွေကတော့ တိတိကျကျပြောရရင် (BBC, VOA, RFA, DVB, ဧရာဝတီ)တို့ ဖြစ်ပါတယ် ။ ကျန်တဲ့ မီဒီယာတွေလည်း ရှိနိုင်သေးပါတယ်။ လှမ်းမကြည့်နိုင်သေးပါဘူး။ ဆိုတော့ဒီမီဒီယာတွေဟာတချိန်က မြိန်မြိန်ကြီးသုံးစွဲခဲ့ဖူးတဲ့ "ရိုဟင်ဂျာ"ဆိုတဲ့အသုံးအနှုန်းကို မသုံးစွဲတော့ဘဲ "အစ္စလာမ်ဘာသာဝင်"တွေလို့ သုံးစွဲလာတာကိုတွေ့ ရပါတယ် ။ ဒါကလည်းကနေ့  ရခိုင်ပြည်မှာလက်ရှိဖြစ်ပေါ်နေပြီးမှ ပြောင်းလဲသုံးစွဲလာတာဖြစ်တဲ့အတွက် ရိုးသားမှုလုံးဝမရှိဘူးလို့ ပြောလိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီကိုယ်နှိုက်က ပြောင်းလဲသုံးစွဲ စေခိုင်းခဲ့တာသေချာလောက်ပါတယ်။ ဒီလို မြိန်ရည်ယှက်ရည်သုံးစွဲလာခဲ့ပြီးမှ ယခုလိုရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအကြိုက် ပြောင်းလဲသုံးစွဲခြင်းကတော့

(၁)အစ္စလာမ်ဘာသာဝင်လို့ သုံးစွဲခြင်းအားဖြင့် မြန်မာပြည်တလွှားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေပါ ပူးပေါင်းပါဝင်လာကာ ဘာသာရေးအဓိကရုဏ်းဖြစ်လာနိုင်တယ် ။

(၂) ရိုဟင်ဂျာလို့ သုံးစွဲလိုက်ရင် ရိုဟင်ဂျာဆိုတာအကြမ်းဖက်သမားတွေလို့  ကမ္ဘာက မြင်သွားမှာကိုမလိုလားဘူး ။

ဒါကြောင့် ကမ္ဘာ့မီဒီယာတွေကိုဘာသာရေးအဓိကရုဏ်းပုံစံမျိုးနဲ့ ချပြပြီးရခိုင်လူထုနဲ့ အစိုးရကပါ ပူးပေါင်းသတ်ဖြတ် အကြမ်းဖက်နေတယ်လို့ ပြောနေတာဖြစ်တယ်။ DVB သတင်းဌာနမှာ ပီတာအောင် ရေးတဲ့သတင်းတပုဒ်မှာ ရခိုင်တွေက ရိုဟင်ဂျာအမည်ခံဘင်္ဂလီအိမ်တွေကိုစတင်မီးရှို့ တယ် လူတွေကို သေကြေဒဏ်ရာရအောင်လုပ်တယ်လို့ ရေးပါတယ် ။ အယ်ဒီတာကလည်း ထည့်တာပါဘဲ ။ အဲဒီဖြစ်စဉ်ဟာမောင်တောမှာပါ။ မောင်တောဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီအများဆုံးဖြစ်ပြီးတော့ ရခိုင်တွေကအနည်းစုပါ။ ဖြစ်စဉ်အားလုံးကိုယှဉ်ကြည့်ရင် ရခိုင်လူထုက ကိုယ့်ကိုယ်ကိုကာကွယ်ရေးအဆင့်မှာရှိပြီး ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက အကြမ်းဖက်ခြင်းဆိုတာသိသာထင်ရှားပါတယ် ။ ပြောနိုင်တာတခုက ကျနော်ကိုယ်တိုင်ဖြစ်ဖြစ်၊ အခြားတယောက်ကဖြစ်ဖြစ် သို့ မဟုတ် ကော်မတီပုံစံမျိုးဖွဲ့စည်းပြီး ခိုင်မာတိကျတဲ့ အထောက်အထားတွေနဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကိုစနစ်တကျတင်ပြနိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ အကြမ်းဖက်သမားတွေအဖြစ်ထင်ရှားတာကြောင့် ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို တနည်းတဖုံသုံးစွဲရမယ်။ နိုင်ငံတကာ NGO အဖွဲ့ အစည်းတွေ၊ UN အဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်အယ်လယ်ကိုင်ဒါအဖွဲ့ တွေနဲ့ပတ်သက်မှုတွေ ၊ လက်နက်တော်တော်များတွေ့ ရှိချက်တွေ ၊ ရခိုင်ပြည်မှာ ယခုဖြစ်ပျက်နေတဲ့အထဲမှာ ရခိုင်လူထုကဓါးတောင်လူတန်းစေ့မကိုင်နိုင်ဘဲ ၀ါးချွန်တွေကိုင်ပြီး ကိုယ့်တိုင်းပြည်ကာကွယ်ရေး ၊ ကိုယ့်အသက်ကိုယ် ကာကွယ်ရေးလုပ်နေစဉ်မှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေက လောင်ချာတွေတောင်သုံးနိုင်တဲ့ အနေအထားနှစ်ရပ်ကို ယှဉ်ကြည့်ရင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ တိုင်းပြည်ကိုရတဲ့နည်းနဲ့ (အကြမ်းရောအနုရော)သုံးစွဲကာဖဲ့ထုတ်ကြိုးပမ်းသွားမယ်ဆိုတာဒီနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အချက်အလက်တွေကခိုင်မာစွာသက်သာပြနေပါတယ် ။ ။

ခိုင်လင်း(မေဃ၀တီ)
http://arakantimes.net/

No comments: