ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Saturday, July 28, 2012

အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ (၃)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

နောက်တခုကိုးကားပြီးပြောရမှာက မိုက်ကယ်အောင်သွင် (တင်မီအောင်သွင်၊ မိုရင်းအောင်သွင်တို့ရဲ့သားချင်း) ရေးသားတဲ့ ပုဂံ (Pagan) စာအုပ်ပါပဲကွယ်။ ပညာရှင်တွေအားလုံးထဲမှာ မိုက်ကယ်အောင်သွင်ဟာ တရုတ်နဲ့ဂျပန်ဘာသာတို့ကိုပါကျွမ်းကျင်တဲ့ အရှေ့တောင်အာရှ့ရဲ့ကျွမ်းကျင်သူပညာရှင်တဦးလဲဖြစ်ပါတယ်။ ဒီစာအုပ်ကိုထိုင်းနိုင်ငံမှာ ရှိစဉ်ကတည်းက သြစတြေးလျသံရုံးရဲ့အတွင်းဝန် အယ်နာဘဲလ် အင်ဒါဆင် (နောက်ပိုင်းကမ္ဘောဒီးယားသံအမတ်) ကလက်ဆောင်ပေးတဲ့စာအုပ်ပါ။


မိုက်ကယ်အောင်သွင်ဟာသူ့ရဲ့စာအုပ်မှာအရှေ့တိုင်းဖြစ်တဲ့တရုတ်နဲ့ယူနန်နယ်ရော၊ အိန္ဒိယရော များစွာကိုဘဲကိုးကားထားပါတယ်။ ဟိုခေတ်ဟိုအခါကနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယဖက်ကလူတွေဟာပုဂံကိုဝင်ရောက်လာတဲ့အခါ တရုတ်ဖက်ကလူနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေပါဝင်ရောက်လာပြီး အိန္ဒိယဖက်ကတော့လူနဲ့တကွကိုးကွယ်ဝတ်ပြုရာဖြစ်တဲ့ ဗုဒ္ဓဘာသာပါရောက်ရှိလာပါတယ်။ ဒီဗုဒ္ဓဘာသာမှာ ပထမတော့ မဟာယနခေါ် တဲ့မြောက်ပိုင်းဗုဒ္ဓဘာသာဖြစ်ပြီး တောင်ပိုင်းဗုဒ္ဓဘာသာ (ထေရ၀ါဒ)ကနောက်ပိုင်းမှာဝင်ရောက်လာပါတယ်။

ပုဂံပြည်ကိုဝင်ရောက်လာတဲ့ အိန္ဒိယသားတွေဟာ သီဟိုကျွန်း (သီရိလင်္ကာ) ကတဆင့်ခံပြီးဟ၀င်ေ၇ာက်လာတဲ့အတွက်လဲပဲ ဟိန္ဒူတွေဖြစ်ကြပါတယ်။ ဒီတုံးကဟိန္ဒူတွေဟာဗုဒ္ဓဘာသာနဲ့ရောထွေးပြီး ဗိဿနိုးနဲ့ ရှီဗိာကိုပါ တစ်ရာစုက နှစ်ရာစုအတွင်းထိ ကိုးကွယ်ခဲ့ကြတာမို့ ရှေးခေတ် နှောင်းခေတ်တွေတိုင်အောင် ဗိဿနိုးမြို့ဟာရှိခဲ့တာပါ။ ပုဂံခေတ်ကောင်းစားစဉ်မှာ အထက်ပါအတိုင်း ဟိန္ဒူတွေသာရှိနေပြီး ရိုဟင်ဂျာမပြောနဲ့ မွတ်ဆလင်တွေတောင် မတွေ့ရ၊ မမြင်ရပါဘူးကွယ်။

နှစ်

ပုဂံခေတ်မှာမတွေ့ မမြင်ရတဲ့မွတ်ဆလင်သာဝင်တွေဟာ ရခိုင်မင်းဆက်တွေခေတ်မှာတော့ ရခိုင်ပြည်နယ်ကိုအခြေခံပြီး တွေ့မြင်လာရမှာပါ။ ဒီအထိလည်း ရိုဟင်ဂျာကိုတော့ မမြင်ရသေးပါဘူးကွယ်။ ရခိုင်ရာဇ၀င်ဆိုတာက သီးသန့်ရေးတာရော၊ မြန်မာရာဇ၀င်ထဲမှာပါတာရော ဖြစ်ပါတယ်။

ရခိုင်ကောင်းစားစဉ်က (၁) ရာမာဝတီ (သံတွဲနယ်)၊ (၂) ဓည၀တီ၊ (၃) ကျောက်ပန်းတောင်း၊ (၄) ဝေသာလီ (ကျောက်လှေကား)၊ (၅) ဓမ္မ၀က်၊ (၆) ပရိန်၊ (၇) ချိပ်မြို့၊ (၈) တောင်ပုံ (နရဉ္စရာ)၊ (၉) လောင်းကြက်၊ (၁၀) မြောက်ဦး (မြို့ဟောင်း) စတာတွေဟာ ရခိုင်ရဲ့မြို့ပြနိုင်ငံတွေဘဲဖြစ်ပါတယ်။ တကောင်း အဘိရာဇာ လွန်ပြီးတဲ့နောက်မှာ သားတော်ကြီး ကံရာဇာကြီးဟာ ညီငယ်ကိုတကောင်းမှာထားရစ်ခဲ့ပြီး ကျောက်ပန်းတောင်းမြို့၊ ဓည၀တီမြို့တွေကိုတည်ပြီး ရခိုင်မင်းဆက်တွေကိုတည်ထောင်ခဲ့တယ်လို့ ရခိုင်ရာဇ၀င်နဲ့ မြန်မာရာဇ၀င်တွေကဆိုပါတယ်။

ဒီနေရာမှာသိထားရမှာက တကောင်းကိုလာတဲ့ အဘိရာဇာရော၊ သူ့ရဲ့သားတော်ကြီးရခိုင်မင်းဆက်နဲ့ ကျောက်ပန်းတောင်း၊ ဓည၀တီတို့ကိုပါ တည်ထောင်ခဲ့တဲ့ ကံရာဇာကြီးတို့ဟာ အိန္ဒိယကလာတဲ့သူချည်းဖြစ်တယ်ဆိုတာပါပဲကွယ်။ ပထမတော့ ဟိန္ဒူတွေပေါ့၊ နောက်တော့မှ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာကြသူတွေပါပဲ။

ရခိုင်ပြည်ရဲ့ ပထ၀ီအနေအထားကိုကြည့်ရင် အရှေ့ဖက်မှာရခိုင်တောင်တန်း (အနောက်ရိုးမ) ကြီးကမြန်မာပြည်ဖက်ကိုကာရံထားပြီးဝေးကွာစေပါတယ်။ ဘေးဖက်နဲ့အနောက်ဖက်မှာတော့ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပြည်၊ အိန္ဒိယပြည်တို့ရှိကြတဲ့အတွက် ရေလမ်း၊ ကုန်းလမ်းနီးကပ်စွာ ကူးလူးသွားနိုင်ကြပါတယ်။ ဒါကြောင့်မြန်မာဖက်မှရခိုင်ကိုထိပါးတာဆိုရင် ပုဂံခေတ်က အနော်ရထာနဲ့ အလောင်းစည်သူခေတ်မှာနှစ်ကြိမ်၊ အင်းဝမင်းခေါင်လက်ထက်မှာတကြိမ်၊ုဟံသာဝတီ တပင်ရွှေထီးလက်ထက်မှာတကြိမ် နဲ့ကုန်းဘောင်မင်းခေတ် ဘိုးတော်ဘုရား (မောင်ဝိုင်း) လက်ထက်မှာတကြိမ်ရှိခဲ့ပြီး တဖန်ရခိုင်ကနေပြီး ဟံသာဝတီကိုလာရောက်တိုက်ခိုက်ရာမှာ ယိုးဒယားထံက စစ်ခေါင်းလောင်းတွေကိုပါ သိမ်းယူသွားတောင်ရှိခဲ့ဖူးတယ်။

ရခိုင်ရဲ့ပြဿနာကပြည်မနဲ့ထိပါးမှုတွေပဲဖြစ်ပါတယ်။ ရှေးခေတ်ကဆိုရင် ပေါ်တူဂီလူမျိုးတွေနဲ့ ပေါ်တူဂီစစ်သားတွေရဲ့ထိပါးမှုဖြစ်ပြီး  ရခိုင်တွေဖက် အဆင်ပြေအောင်ပေါင်းသင်းပြီး ပင်လယ်ပြင်နဲ့ဂင်္ဂါမြစ်ဝှမ်းအထိ ကျက်စားကြရတာဖြစ်ပါတယ်။ ရခိုင်မင်းတွေအင်အားကြီးမားလာတဲ့အခါ စစ်တကောင်းနဲ့ ဘင်္ဂလားဖက်ကိုချဲ့ထွင်ကြတာလဲပါတယ်။ ရခိုင်ဘုရင်မင်းထီးလက်ထက်မှာ ဘင်္ဂလားပြည်သားတို့ဟာ စစ်တကောင်းနယ်ထဲအထိ ၀င်ရောက်တိုက်ခိုက်ကြရာမှာ ရခိုင်သားတို့က သစ်ဖောင်၊ ၀ါးဖောင်တွေကိုမီးတိုက်ပြီး ဘင်္ဂလားသားများကို ပြန်လည်ခုခံခဲ့ရကြောင်း ရာဇ၀င်များမှာ ရေးသားထားပါတယ်။

သုံး

ဒီမှာအရေးကြီးတာတခုကတော့ ရခိုင်ဘုရင် နရမိတ်လှ (မင်းစောမွန်) ဟာ မင်းရဲကျော်စွာတိုက်ခိုက်လို့ ဘင်္ဂလားနယ်ထဲမှာ နှစ် (၂၀) ခန့်အထိတိမ်းရှောင်နေရင်း ဘင်္ဂလားမင်း နဇိန်ရှာ (ဒီလီဗဆာ) ထံမှာ မင်းမှုထမ်းရပါတယ်။ ညီတော်သူ နရနူ ကသွားရောက်ခေါ်ဆောက်မှ ရခိုင်သို့တဖန် ပြန်လည်ရောက်ရှိလာပါတယ်။  အဲဒီနရမိတ်လှ ရဲ့ညီဖြစ်သူ နရနူကစပြီး ရခိုင်မင်းအချို့ဟာ မွတ်ဆလင်ဘာသာဝင်ထဲကိုဝင်ရောက်ကြကြောင်း ရာဇ၀င်ကဆိုထားပါတယ်။ နရနူမင်းကို ပထမမှာ မင်းခရီးခေါ်ရာမှနေပြီး အလီခင် (အလီခန်)၊ ထိုမှ အလီခင်၏သားတော် ဘစောဖြူကိုလဲ (ကလီအရှာ) ဟုခေါ်ကြတာဖြစ်ပါတယ်။ အဲဒီဘစောဖြူမင်းလက်ထက်မှာဘဲ ရခိုင်ကစစ်တကောင်းကိုသိမ်းပိုက်ရရှိရာ အင်္ဂလိပ် မြန်မာပထမစစ်ပွဲမတိုင်မှီအထိဖြစ်ပါတယ်။ ရခိုင်ဘုရင်မင်းရာဇာကြီးရဲ့သားတော် မင်းခမောင်း ကိုလည်း (ဟူစိန်ရှာ) လို့ခေါ်ကြပါသေးတယ်။ ဒီမင်းလက်ထက်မှာတော့ ရခိုင်ဘုရင်မင်းထီးရဲ့ စံချိန်ကိုချိုးပြီး စစ်တကောင်းကိုမျှမက ဘင်္ဂလားအရှေ့ ဒက္ကားမြို့အထိပါ ရခိုင်ကပိုင်ရှာပါတယ်။ အဲဒီနောက် မဂိုဘုရင် သြရန်ဂရစ် ( Aurangzib) လက်ထက်ရောက်တော့မှ စစ်တကောင်းနဲ့ ရာမူး တို့ကိုနှစ်တစ်ရာလောက် စိုးမိုးနေတဲ့ ရခိုင်ဘုရင်တွေဟာ လက်ပန်းတွေကျသွားပါတော့တယ်။

ရခိုင်နဲ့ဘင်္ဂလားဟာ အိမ်နီးချင်းတွေဖြစ်သလို၊ ယိုးဒယားနဲ့တင်္နသာရီ၊ ယူနန် (တရုတ်) နဲ့ မြန်မာပြည်မြောက်ပိုင်းနယ်တွေဟာလည်း အတိတ်ခေတ်မှာတော့ သူတပြန်၊ ငါတပြန် ကောင်းလိုက်ဆိုးလိုက် ရှိကြတာပါပဲကွယ်။

ဆက်ရန်



No comments: