ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Friday, January 6, 2012

ကြင်ယာစတိုး

ရဲရဲတွေး

နယူးယောက်မြို့မှာ အသစ်စက်စက်ဖွင့်လိုက်တဲ့စတိုးဆိုင်အမည်က ကြင်ယာစတိုး တဲ့။ အမျိုးသမီးတွေ အဲဒီဆိုင်သွားပြီး ကြင်ယာရွေးမယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းချက်တွေကို စတိုးဆိုင်အ၀င်ဝမှာ ရေးထားတယ်။

စည်းကမ်းချက်ကတော့..

“သင်သည်ဤစတိုးဆိုင်အားတကြိမ်သာလာရောက်ခွင့်ရှိသည်။ ဤစတိုးဆိုင်သည် ခြောက်ထပ်ရှိပြီး အပေါ်တထပ်စီတိုင်းရှိ အမျိုးသားများ၏တန်ဘိုးမှာလည်းပိုမို မြင့်မားသွား၏။ သင်နှစ်သက်သော အထပ်မှ ကြိုက်နှစ်သက်ရာအမျိုးသားအားရွေးချယ်ခွင့်ရှိသည်။ စိတ်တိုင်းကျ မဖြစ်လျှင်အပေါ်ထပ်သို့တက်ရောက်ရွေးချယ်နိုင်သည်။သို့သော်သင်သွားရောက်ခဲ့ပြီးသောအထပ်သို့ နောက်တခေါက်ပြန်လည်သွားခွင့်မရှိ” ဟုရေးထားလေသည်။


တနေ့တွင်၎င်းစတိုးဆိုင်သို့ အမျိုးသမီးတဦး ကြင်ယာရှာသွားလေသည်။ ပဌမအထပ်တံခါးဝရှိဆိုင်းဘုတ်၌

“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိသည်” ဟုရေးထားလေသည်။ “ဒါလေးများ” ဟုတိုးတိုးဆို၍
ဒုတိယအထပ်သို့တက်သွားရာ

“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီးကလေးများကိုလည်းကြင်နာတတ်သည်” ဟုရေးထားလေသည်။
“မဆိုးပါဘူး” ဟုတွေး၍ဆက်တက်သွားရာ တတိယအထပ်၌

“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီးကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမော၏” ဟုရေးထားလေသည်။ အမျိုးသမီးမှာ များစွာသဘောကျလျက်ရှိသော်လည်း အပေါ်ထပ်တွင်ရှိမည့် အမျိုးသားများအားသိချင်ဇောဖြင့် ဆက်တက်သွားလေသည်။

စတုတ္ထအထပ်တွင်
“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီးကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမောပြီးအိမ်မှုကိစ္စ၌လည်းကူညီတတ်လေသည်” ဟုရေးထားလေသည်။ မိမိနှစ်သက်သောအရည်အချင်းများ ကျေနပ်ဖွယ်ရှိနေသော်လည်း နောက်အထပ်တွင် ပိုကောင်းရချည်ရဲ့ဟုတွေးပြီး ပဉ္စမအထပ်သို့ဆက်တက်သွားပြန်သည်။

ပဉ္စမအထပ်၌မူ
“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီးကလေးများကိုကြင်နာတတ်သည်။ ရုပ်ရည်ချောမောပြီးအိမ်မှုကိစ္စများ၌ကူညီတတ်သည့်အပြင်နွေးထွေးကြင်နာစွာ ယုယချစ်ခင်တတ်၏” ဟုရေးထားလေသည်။

အမျိုးသမီးမှာ ထိုအမျိုးသားများအား သဘောကျနှစ်သက်၍ ရွေးချယ်လိုပြီဖြစ်သော်လည်း ကောင်းသထက်ကောင်းနိုင်သော အပေါ်ဆုံးအထပ်တွင်ရှိမည့် ယောင်္ကျားများအား စိတ်ကူးလျက် စိတ်လှုပ်ရှားမှုများစွာဖြင့် ဆက်တက်သွားပြန်သည်။

ခြောက်ထပ်မြောက်သို့ရောက်သောအခါ တံခါးဝဆိုင်းဘုတ်၌ “သင်သည်ဤအထပ်သို့ရောက်လာသောသုံးသန်း လေးသိန်း ငါးသောင်း ခြောက်ထောင် နှစ်ရာ့တစ်ဆယ်ဦးမြောက် အမျိုးသမီးဖြစ်သည်။ ဤအထပ်တွင်အမျိုးသားကြင်ယာ မရောင်းပါ။ ဤနေရာကား မိန်းမတို့၏မဆုံးနိုင်သောဆန္ဒကိုဖြည့်ဆည်းရန် ဘယ်လိုမှမဖြစ်နိုင်ကြောင်းသက်သေ ပြုရာနေရာပင်တည်း။ ဤစတိုးအားလာရောက်အားပေးသောကြောင့်ကျေးဇူးတင်ပါသည်” ဟုရေးထားလေသည်။


ရဲရဲတွေး ( ၆. ၁. ၂၀၁၂)

(ဘာသာပြန်)


 

No comments: